Monday, January 17, 2022

တိတ်ဆိတ်သော ည

တိတ်ဆိတ်သော ည


အသံမရှိသော်လည်း

ငိုနေကြသူ များပါတယ်


ငါဒဏ်ရာ သူ့ထက်နာတယ်

မပြောလိုတော့ မြိုသိပ်လိုက်တယ်


မျက်ရည်မကျသော ငိုကြွေးခြင်း

ခပ်ပြင်းပြင်းလေး ကိုယ့်ခေါင်းကိုယ်တစ်ချက်လောက်ရိုက်ကြည့်

အသိသတိ ပြန်ကပ်ကာ လက်ရှိ ကမ္ဘာ

ပြန်ရောက်ကြည့်လိုက်ရင် ကဗျာသိပ်မဆန်တော့တာ


ငါဟာ ဝမ်းနည်းစွာပဲ ကြည့်လိုက်ရင်း စာရွှက်နဲ့ ဘောပင်

သိမ်းလိုက်ကာ ပြန်ဖို့သာ ဟန်ပြင်


ဪ မေ့သွားတယ် အိမ်ကဖြင့် ပြာဖြစ်လို့

ဘယ်ဆီမှ ပြန်စရာမရှိတော့လေသကိုး


တချို့က မိဘကိုဆုံးရ

တချို့က သားသမီး မြေးများဆုံးရ


ငါတစ်ကောင်ကြွက်ဘဝဆုံးစရာမရှိတာ

ဝမ်းသာရမလား ကြွားစရာလား မစဉ်းစားတတ်ပါပေ။


စခန်းပြင်မှာ တောက်ပြောင်သော သေနတ်လေးတွေကိုယ်စီနဲ့

အပြန်အလှန်ဟာသပြောရင်း ရယ်နေသူနှစ်ယောက်


သူတို့ဘဝ ဘယ်လောက်စောက်ဒုက္ခတွေဖြတ်သန်းခဲ့ကြရမလဲ

အခုအခိုက်အတန့်မှာများ မေ့ထားနိုင်ကြတယ်

ငါလည်းပဲ ဒီခွန်အားတွေ လိုချင်တယ်

ပေးသနားပါ နတ်သိကြားများရယ်


တစ်နေရာရာမှာတော့ ငါ့ကိုစောင့်နေမယ်

ငါ့ဆီသူလာမှာပါလို့ ငါကစောင့်နေပါတယ်


ဪဒီလူတွေ အလွမ်းသယ်စရာတွေကြောင့်ပဲ

နှစ်ဆ နာကြရသကွယ်


တိတ်ဆိတ်သောညမှာ အသံတွေ သိပ်ဆူလှသကွယ်။


#Tommy

14 comments:

  1. မြန်မာပြည်ကြီး ငြိမ်းချမ်းဖို့အတွက်

    ကြိုးစားကလစ်ကြစို့နော်

    ReplyDelete
    Replies
    1. ကြိုးစားကလစ်နေပါတယ်✅

      Delete
  2. Let's click together for our freedom....

    ReplyDelete
  3. နှိပ်ပြီးပါဗြီ....

    ReplyDelete
  4. ငါတို့ နိုင်ကို နိုင်ရမယ်.....

    ReplyDelete
  5. Copyယူမယ် မင်မင်

    ReplyDelete

Thank you for being with us All Clicker Love you,