This blog stands for the Internal Displaced Peoples (IDPs) in Kachin Land and all regions in Myanmar.
Tuesday, May 3, 2022
Monday, April 25, 2022
သွေးမကွဲကြေး ----------------------
သွေးမကွဲကြေး
----------------------
တော်လှန်ရေး အင်အားစုများက
တိုက်စစ်အရှိန်မြှင့်နေပီမို့
ပြည်သူများကလည်း
နိုင်တဲ့ဘက်က
ပါဝင်ကူညီပေးကြပါ
လှူနိုင်သူက လှူ
ကူနိုင်သူက ကူ
သွေးမကွဲကြေး
San Zuren
တော်လှန်ချစ်သူ
တော်လှန်ချစ်သူ
-----------------------
မသေသေးရင်တော့
ပြန်တွေ့ကြေးပေါ့....ချစ်သူ
အသက်ဘေးရင်းထားမှတော့
ကမ္ဘာ့တေးဟာ ဘယ်ချိုတော့မလဲလေ
တို့တစ်တွေရဲ့ နိုင်ငံတော်ကြီးဟာလဲ အလဲလဲ အပြိုပြို
မပြိုတဲ့ စိတ်
ခိုင်မာတဲ့ သံဓိဌာန်နှင့်
မအိုတဲ့ အချစ်တွေပိုက်ရင်း
ကြိုဆိုမယ့် မင်းရင်ခွင်ဆီ
တော်လှန်တေးသီရင်း ခိုဝင်မယ်ဆို
မင်းမျှော်ပါနော်
မင်းပျော်ပါနော်....ချစ်သူ
san zuren
Sunday, April 24, 2022
လူ့ငရဲ
လူ့ငရဲ
---------
မွေးခြင်းနဲ့ သေခြင်းကြားမှာ
နေရတာချင်း အတူတူ
ငါတို့ဟာ လူဖြစ်ပါလျက်
ဒီတိုင်းပြည်ဆိုတဲ့
လူ့ငရဲမှာ ရှင်သန်ရတာ
ဝဋ်သိပ်ကြီးလွန်းတယ်
San Zuren 🌸
Thursday, April 21, 2022
ဘဝဗိသုကာ
ဘဝဗိသုကာ
-------------------
ကောင်းသောစိတ်သည်
ဘဝကောင်းတစ်ခုကို
ဖန်ဆင်းမှာဖြစ်ပြီး
မကောင်းသောစိတ်သည်
ဘဝဆိုးတစ်ခုကို
ဖန်ဆင်းပါလိမ့်မယ်
လူသားတွေရဲ့
ဘဝဗိသုကာဟာ
လူသားတွေရဲ့ စိတ်ပါပဲ
San Zuren 🌸
Wednesday, April 20, 2022
"ချစ်ခြင်းမေတ္တာရဲ့ အခြားတဖက်မှာ ဘာရှိပါသလဲ" ဒီမေးခွန်းရဲ့အဖြေကို ငါမသိဘူး ဒါပေမယ့် ဒီကမ္ဘာရဲ့ အခြားတဖက်ခြမ်းမှာ မင်းရှိတာကိုတော့ ငါဝမ်းနည်းစွာနဲ့သိတယ်
ချစ်တယ်ဆိုတဲ့စကားတခွန်းကလွဲလို့ ဘာမှမပြောတတ်တဲ့ ငါ့ကိုယ်ငါ ဒေါသဖြစ်တယ်
ဒီစကားထက်ပိုသာတဲ့အခြားစကားရှိသေးလားလို့ စဉ်းစားရင် ဘယ်တော့မှအဖြေကိုရှာမတွေ့ဘူး ဒါပေမယ့် လက်တွေ့အလုပ်နဲ့မှ သက်သေပြနိုင်တာကို ငါနားလည်သွားတယ်
မင်းက အဲဒီအရာတခုအတွက်သက်သေပြပါတဲ့ ဘယ်လိုသက်သေပြရမလဲကွာ အဲဒီအစား သတ်သေပြတာကမှ လွယ်ပါဦးမယ်
မင်းငါ့ကိုမယုံကြည်တာကိုတော့ ရင်နာရတယ်
အနှစ်ရှစ်သောင်းမိုးဆိုတာ ငါ့ဆီမှာတခါရွာခဲ့ဖူးတယ် ဒါပေမယ့် မင်းကြောင့်ဆိုတာကို မပြောနိုင်ဘူးကွာ....
မင်းငါ့အပေါ်ပြန်ချစ်နိုင်ဖို့ နည်းလမ်းပေါင်းများစွာ ငါရှာခဲ့ဖူးတယ် သူတို့ကပြန်ပြောကြတယ် စွန့်လွှတ်လိုက်ပါတော့တဲ့ မင်းကိုငါကမှ မစွန့်လွှတ်ရက်တာ သူတို့ဒါကိုမသိခဲ့ပါဘူး
ကံကြမ္မာဟာ ရက်စက်တတ်ပေမယ့် တခါတရံမှာကြင်နာတတ်တယ် မင်းနဲ့ငါနဲ့ ကြားမှာ မိုင်ချီဝေးတဲ့ စည်းတွေကာထားတယ် ဒါပေမယ့် မင်းကိုချစ်တဲ့စကားတွေေပြာနိုင်ဖို့ တံတားတစင်းကိုတော့ ဖန်ဆင်းပေးထားတယ်
တကယ်လို့ အနာဂတ်မှာ မင်းမဟုတ်တဲ့တခြားတယောက်ကိုများ ကြင်နာမိခဲ့ရင်
.....အဲ့ဒီလိုအဖြစ်မျိုးဖြစ်မှာ ငါအရမ်းစိုးရိမ်တယ် မင်းတခြားတယောက်ကို ချစ်မှာထက် ငါမင်းကို မချစ်မိတော့မှာကို ပိုကြောက်တယ် ဒီခံစားချက်တွေ သေဆုံးမသွားဖို့ ဆုတောင်းနေရတယ်
ငါမင်းအပေါ်မှာထားတဲ့အချစ်စစ်လားဆိုတာ ငါကိုယ်တိုင်တောင်မသိခဲ့ဘူး အနှစ်ရှစ်သောင်းမိုးရွာတဲ့နေ့က မြေပြင်ပေါ်
ကျခဲ့တဲ့ ငါ့မျက်ရည်တစက်ကိုမြင်မိမှ ငါ့အချစ်တွေကို ငါကိုယ်တိုင် အဲ့ဒီတော့မှ နားလည်ခဲ့ရတယ်ဆိုတာ ငါကျိန်ဝံ့ပါတယ်
ဆုံစည်းနိုင်ဖို့မသေချာတဲ့ ကံကြမ္မာတခုမှာ
မင်းကိုချစ်မိတဲ့အတွက်နောင်တမရပါဘူး
ဘယ်အချိန်မှန်းမသိ မပြန်လမ်းတခုကို အပို့ခံရမယ့် မင်းကို ငါချစ်မိခဲ့တာလည်းနောင်တမရပါဘူးကွာ....
တချိန်မှာ ငါတို့ဆုံစည်းဖြစ်တဲ့အခါ မင်းရဲ့လက်ကလေးကို ကိုင်ကြည့်မိချင်တယ်
မင်းနဲ့အတူစကားတွေအများကြီးပြောချင်တယ်
မင်းစကားေပြာတဲ့ဟန်လေးကို ငေးမောကြည့်ချင်တယ်
ဘယ်တော့မှ မပြီးဆုံးနိုင်တဲ့ လမ်းတခုပေါ်မှာ အတူလျှောက်လှမ်းကြည့်ချင်တယ်
လရောင်အောက်မှာ ကြယ်တာရာလေးတွေကို ထိုင်ကြည့်ကြမယ်
နောက်ပြီး မင်းကိုငါမေးခွန်းလေးတခုသိပ်မေးချင်တယ် အဲဒီမေးခွန်းကတော့ "မင်းငါ့ကိုချစ်လား"။ ။
လူ
လူ
--------
လူပီသတဲ့
လူတစ်ယောက် ဖြစ်ဖို့အတွက်
အဓိကလိုအပ်ချက်ဟာ
ကိုယ်ချင်းစာတရားပဲ
လူတစ်ယောက်ရဲ့
သိက္ခာဆိုတာလဲ
တစ်ဘဝလုံးအတွက်
လိပ်ပြာလုံစေမယ့်
ရိက္ခာတွေပါလေ
San Zuren 🌸
ကိုယ်ကျင့်တရား
ကိုယ်ကျင့်တရား
-----------------------
မိမိရဲ့တန်ဖိုးကို သိတဲ့သူဟာ
ကိုယ့်ကိုယ်ကို ထိန်းရတာ ထုံးစံပဲ
တန်ဖိုးရှိတဲ့ပုဂ္ဂိုလ် သူများနေသလို
မနေရဘူး
သူများအပျော်မက်တဲ့ နေရာထဲလဲ
မသွားရဘူး
သူများပြောသလို သွားသလို
ဝတ်သလို မလုပ်ရဘူး
ကိုယ့်ကိုယ်ကို အတတ်နိုင်ဆုံး
ထိန်းသိမ်းစောင့်ရှောက်ရတယ်လေ
San Zuren 🌸
Friday, April 15, 2022
ကိုးကွယ်ရာ ------------------
ကိုးကွယ်ရာ
------------------
ကိုးကွယ်တာ ဘုရား
ယုံကြည်တာ တရား
ပူဇော်တာ သံဃာ
ချစ်မြတ်နိုးတာ မိဘ
လေးစားတာ ဆရာသမား
ဒါတွေက လွဲပြီး
တစ်ခြားအရာ
ကိုးကွယ်ရာ မရှိပါ
San Zuren 🌸
လူဆိုး လူကောင်း
လူဆိုး လူကောင်း
-------------------------
လူဆိုး လူကောင်းဆိုတာ
လူမျိုးနဲ့ မဆိုင် ဘာသာနဲ့ မဆိုင်
ထိုသူတို့ ပြုမူတဲ့
လုပ်ရပ်အပေါ်တွင်သာ မူတည်ပြီး
လူကောင်းလား လူဆိုးလား
သတ်မှတ်ရတယ်
San Zuren 🌸
လူရွှင်တော်
လူရွှင်တော်
ကန့်လန့်ကာဖွင့်တာနဲ့
ဇာတ်စင်အောက်ကပရိတ်သတ်တို့ရဲ့
အပူမီးအပေါင်းကိုငြှိမ်းဖို့
ကိုယ်တိုင်မပျော်ရွှင်လည်း
ဝမ်းပန်းတသာနဲ့ခွန်းတောက်စ
ပြက်လုံးပြက်ရတယ်
ဇာတ်စင်ပေါ်မှာဟာသမြောက်နေပေမယ့်
ကန့်လန့်ကာနောက် ဇာတ်စင်အောက်မှာတော့
မျက်ရည်တွေတစ်ပေါက်ပြီးတစ်ပေါက်
ဝမ်းနည်းမျက်နှာ ဆေးခြယ်ကာသလို့
မျက်ရည်ကို ဟာသနဲ့သုတ်ကာချ
ငါဟဲ့အာဂလို့ မာန်ကိုတင်းကာထားရင်း
ဟော....ကန့်လန်ကာပိတ်သွားပြီ
အရာအားလုံးလည်း အမှောင်ကျကာသွားလို့
ဟာသမျက်နှာဖုံးခွာကာအချ
ဘဝဟာလည်း လွန်ခဲ့တဲ့
တစ်တစ်စက္ကန့်ကပါလိုပဲလား
ဇာတ်ဆရာရေ....
ပြုံးရွှင်လည်းငိုတတ်ပါတယ်ဗျ.....
ThaeNu
Sunday, April 10, 2022
တော်လှန်ရေးနှင့် ချစ်ခြင်းတရား
တော်လှန်ရေးနှင့် ချစ်ခြင်းတရား
------------------------------------
ဖိနပ်ပြတ်ရင်
ပြတ်မယ်
ယုံကြည်ချက်
မပြတ်ဖို့လိုတယ်
ပိုက်ဆံပြတ်ရင်
ပြတ်မယ်
အတွေးအခေါ်
မပြတ်ဖို့လိုတယ်
အဝတ်အစားတွေ
နွမ်းရင်နွမ်းမယ်
တော်လှန်စိတ်တွေ
မပမ်းဖို့လိုတယ်
ရိက္ခာဖူလုံချင်မှ
ဖူလုံမယ်
ချစ်ခြင်းတရားတွေ
ဖူလုံဖို့လိုတယ်
ဘဝဟာ
ကြမ်းတမ်းချင်သလောက်
ကြမ်းတမ်းပါစေ
တော်လှန်ရေးနဲ့
ချစ်ခြင်းတရားတွေ
စီးဆင်းဖို့ လိုပါတယ်
San Zuren 🌸








