တော်လှန်ရေးနှင့် ချစ်ခြင်းတရား
------------------------------------
ဖိနပ်ပြတ်ရင်
ပြတ်မယ်
ယုံကြည်ချက်
မပြတ်ဖို့လိုတယ်
ပိုက်ဆံပြတ်ရင်
ပြတ်မယ်
အတွေးအခေါ်
မပြတ်ဖို့လိုတယ်
အဝတ်အစားတွေ
နွမ်းရင်နွမ်းမယ်
တော်လှန်စိတ်တွေ
မပမ်းဖို့လိုတယ်
ရိက္ခာဖူလုံချင်မှ
ဖူလုံမယ်
ချစ်ခြင်းတရားတွေ
ဖူလုံဖို့လိုတယ်
ဘဝဟာ
ကြမ်းတမ်းချင်သလောက်
ကြမ်းတမ်းပါစေ
တော်လှန်ရေးနဲ့
ချစ်ခြင်းတရားတွေ
စီးဆင်းဖို့ လိုပါတယ်
San Zuren 🌸

Click with love 💕
ReplyDelete🍀🍀🍀🍀🍀
done
ReplyDeleteOk,😘😘😘
ReplyDeleteခက်ခဲမယ် ကြမ်းတမ်းမယ်
ReplyDeleteပြည်သူတွေက အနာဂတ်နိုင်ငံတော်သစ်
ဖက်ဒရယ် ဒီမိုကရေစီအတွက်
သက်စွန့်ကြိုးပမ်းနေကြတယ်။
တနေ့ တိုင်းရင်းသားဒေသတွေ ရှေးယခင်ကလိုကိုယ်ပိုင်အုပ်ချုပ် မျိုးနွယ်စုအလိုက် လွတ်လပ်ကြပြီး
ဖွံ့ဖြိုးတိုးတက် လူဂုဏ်သိက္ခာနဲ့အညီ
သားစဉ်မြေးဆက် ရှင်သန်နေထိုင်ဖို့ 💕
Till the end
ReplyDeleteFighting together 💪
Done
ReplyDeleteတရားမျှတ လွတ်လပ်
ReplyDeleteခွင့်တူညီမျှ ကိုယ်ပိုင်ပြဌာန်း
အခွင့်အာဏာအားလုံး
မူလဒေသခံ တိုင်းရင်းပြည်သူတွေလက်ထဲ
အပြည့်အဝ ရှိရမယ်။