Sunday, April 10, 2022

တော်လှန်ရေးနှင့် ချစ်ခြင်းတရား


တော်လှန်ရေးနှင့် ချစ်ခြင်းတရား

------------------------------------


ဖိနပ်ပြတ်ရင် 

ပြတ်မယ်

ယုံကြည်ချက်

မပြတ်ဖို့လိုတယ်


ပိုက်ဆံပြတ်ရင်

ပြတ်မယ်

အတွေးအခေါ် 

မပြတ်ဖို့လိုတယ်


အဝတ်အစားတွေ

နွမ်းရင်နွမ်းမယ်

တော်လှန်စိတ်တွေ

မပမ်းဖို့လိုတယ်


ရိက္ခာဖူလုံချင်မှ

ဖူလုံမယ်

ချစ်ခြင်းတရားတွေ

ဖူလုံဖို့လိုတယ်


ဘဝဟာ 

ကြမ်းတမ်းချင်သလောက်

ကြမ်းတမ်းပါစေ


တော်လှန်‌ရေးနဲ့

ချစ်ခြင်းတရားတွေ

စီးဆင်းဖို့ လိုပါတယ်




San Zuren 🌸


 

7 comments:

  1. ခက်ခဲမယ် ကြမ်းတမ်းမယ်
    ပြည်သူတွေက အနာဂတ်နိုင်ငံတော်သစ်
    ဖက်ဒရယ် ဒီမိုကရေစီအတွက်
    သက်စွန့်ကြိုးပမ်းနေကြတယ်။
    တနေ့ တိုင်းရင်းသားဒေသတွေ ‌ရှေးယခင်ကလိုကိုယ်ပိုင်အုပ်ချုပ် မျိုးနွယ်စုအလိုက် လွတ်လပ်ကြပြီး
    ဖွံ့ဖြိုးတိုးတက် လူဂုဏ်သိက္ခာနဲ့အညီ
    သားစဉ်မြေးဆက် ရှင်သန်နေထိုင်ဖို့ 💕

    ReplyDelete
  2. တရားမျှတ လွတ်လပ်
    ခွင့်တူညီမျှ ကိုယ်ပိုင်ပြဌာန်း
    အခွင့်အာဏာအားလုံး
    မူလဒေသခံ တိုင်းရင်းပြည်သူတွေလက်ထဲ
    အပြည့်အဝ ရှိရမယ်။

    ReplyDelete

Thank you for being with us All Clicker Love you,