Wednesday, April 20, 2022

 "ချစ်ခြင်းမေတ္တာရဲ့ အခြားတဖက်မှာ ဘာရှိပါသလဲ" ဒီမေးခွန်းရဲ့အဖြေကို ငါမသိဘူး ဒါပေမယ့် ဒီကမ္ဘာရဲ့ အခြားတဖက်ခြမ်းမှာ မင်းရှိတာကိုတော့ ငါဝမ်းနည်းစွာနဲ့သိတယ်


ချစ်တယ်ဆိုတဲ့စကားတခွန်းကလွဲလို့ ဘာမှမပြောတတ်တဲ့ ငါ့ကိုယ်ငါ ဒေါသဖြစ်တယ်

ဒီစကားထက်ပိုသာတဲ့အခြားစကားရှိသေးလားလို့ စဉ်းစားရင် ဘယ်တော့မှအဖြေကိုရှာမတွေ့ဘူး ဒါ‌ပေမယ့် လက်တွေ့အလုပ်နဲ့မှ သက်သေပြနိုင်တာကို ငါနားလည်သွားတယ်


မင်းက အဲဒီအရာတခုအတွက်သက်သေပြပါတဲ့ ဘယ်လိုသက်သေပြရမလဲကွာ အဲဒီအစား သတ်သေပြတာကမှ လွယ်ပါဦးမယ်

မင်းငါ့ကိုမယုံကြည်တာကိုတော့ ရင်နာရတယ်


အနှစ်ရှစ်သောင်းမိုးဆိုတာ ငါ့ဆီမှာတခါရွာခဲ့ဖူးတယ် ဒါပေမယ့် မင်းကြောင့်ဆိုတာကို မပြောနိုင်ဘူးကွာ....


မင်းငါ့အပေါ်ပြန်ချစ်နိုင်ဖို့ နည်းလမ်းပေါင်းများစွာ ငါရှာခဲ့ဖူးတယ် သူတို့ကပြန်ပြောကြတယ် စွန့်လွှတ်လိုက်ပါတော့တဲ့ မင်းကိုငါကမှ မစွန့်လွှတ်ရက်တာ သူတို့ဒါကိုမသိခဲ့ပါဘူး



ကံကြမ္မာဟာ ရက်စက်တတ်ပေမယ့် တခါတရံမှာကြင်နာတတ်တယ် မင်းနဲ့ငါနဲ့ ကြားမှာ မိုင်ချီဝေးတဲ့ စည်းတွေကာထားတယ် ဒါပေမယ့် မင်းကိုချစ်တဲ့စကားတွေ‌ေပြာနိုင်ဖို့ တံတားတစင်းကိုတော့ ဖန်ဆင်းပေးထားတယ် 


တကယ်လို့ အနာဂတ်မှာ မင်းမဟုတ်တဲ့တခြားတယောက်ကိုများ ကြင်နာမိခဲ့ရင်

.....အဲ့ဒီလိုအဖြစ်မျိုးဖြစ်မှာ ငါအရမ်းစိုးရိမ်တယ် မင်းတခြားတယောက်ကို ချစ်မှာထက် ငါမင်းကို မချစ်မိတော့မှာကို ပိုကြောက်တယ် ဒီခံစားချက်တွေ သေဆုံးမသွားဖို့ ဆုတောင်းနေရတယ်


ငါမင်းအပေါ်မှာထားတဲ့အချစ်စစ်လားဆိုတာ ငါကိုယ်တိုင်တောင်မသိခဲ့ဘူး အနှစ်ရှစ်သောင်းမိုးရွာတဲ့နေ့က မြေပြင်ပေါ်

ကျခဲ့တဲ့ ငါ့မျက်ရည်တစက်ကိုမြင်မိမှ  ငါ့အချစ်တွေကို ငါကိုယ်တိုင် အဲ့ဒီတော့မှ နားလည်ခဲ့ရတယ်ဆိုတာ ငါကျိန်ဝံ့ပါတယ်



ဆုံစည်းနိုင်ဖို့မသေချာတဲ့ ကံကြမ္မာတခုမှာ

မင်းကိုချစ်မိတဲ့အတွက်နောင်တမရပါဘူး

ဘယ်အချိန်မှန်းမသိ မပြန်လမ်းတခုကို အပို့ခံရမယ့် မင်းကို ငါချစ်မိခဲ့တာလည်းနောင်တမရပါဘူးကွာ....


တချိန်မှာ ငါတို့ဆုံစည်းဖြစ်တဲ့အခါ မင်းရဲ့လက်ကလေးကို ကိုင်ကြည့်မိချင်တယ်


မင်းနဲ့အတူစကားတွေအများကြီးပြောချင်တယ် 

မင်းစကား‌ေပြာတဲ့ဟန်လေးကို ငေးမောကြည့်ချင်တယ်

 ဘယ်တော့မှ မပြီးဆုံးနိုင်တဲ့ လမ်းတခုပေါ်မှာ အတူလျှောက်လှမ်းကြည့်ချင်တယ်

လရောင်အောက်မှာ ကြယ်တာရာလေးတွေကို ထိုင်ကြည့်ကြမယ်

နောက်ပြီး မင်းကိုငါမေးခွန်းလေးတခုသိပ်မေးချင်တယ် အဲဒီမေးခွန်းကတော့ "မင်းငါ့ကိုချစ်လား"။         ။

14 comments:

  1. စာရေးသူက မေးချင်တာဘယ်သူလဲ မသိပေမယ့်
    ငါမင်းကိုချစ်ပါတယ်လို့ ဖြေမယ်နော် 🥰🥰🥰

    ReplyDelete
  2. ဆုံစည်းနိုင်ဖို့မသေချာတဲ့ကံကြမ္မာတစ်ခုမှာမင်းကိုချစ်မိတဲ့အတွက်‌နောင်တမရပါဘူး

    ReplyDelete
  3. Done 🍀
    '" မင်းကို ချစ်မိတဲ့အတွက်နောင်တမရပါဘူး ""
    တနေ့ဆုံဆည်းခဲ့ရင်.....

    ReplyDelete
  4. ကလစ်တစ်ချက် ခေါက်
    မီးဟုန်းဟုန်း တောက်စေတယ်
    လူငယ်တွေရဲ့စိတ်ဓာတ်
    အာဏာရှင်တွေ တန့်ရပ်သွားအောင် မစွမ်း။
    ငါတို့ နိုင်မှ နေရပ်စွန့်ခွာတွေ ပြန်လာနိုင်မယ်
    ဖက်ဒရယ်နိုင်ငံသစ်မှာ
    မျိုးဆက်သစ်တို့ ငြိမ်းချမ်းပါစေ။

    ReplyDelete
  5. ကဗျာလေးကို အားပေးကြလို့ကျေးဇူးပါရှင့် စာရေးသူသိရင်အရမ်းဝမ်းသာမှာပါ ပြောပြလိုက်ပါ့မယ်ရှင့် 😍😍

    ReplyDelete
  6. ကျားလော် အရေးအသားတွေကောင်တယ်

    ReplyDelete
  7. ပန်းတိုင်ရောက်အောင်သွားမယ် စိတ်ပိုင်းဖြတ်ထားရင်၊ ရောက်သွားတာပါပဲ။ စိတ်ညွတ်ဖို့ အဓိကပါ။ 💕

    ReplyDelete

Thank you for being with us All Clicker Love you,