Thursday, April 21, 2022

 စစ်သူရဲကောင်း မင်းသားသို့.......

    ဪ.....မောင်အရှင်

အမှောင်ကျနေသော တိုင်းပြည်ကိုကယ်တင်နေရသည့် မောင်အရှင်၏ အစိုးမရသော အနာဂတ်သည်လည်း မှောင်မိုက်လှပါ၏။


မောင်အရှင်လျှောက်လမ်းရသော ခရီးလမ်းပန်းသည် ကြမ်းတမ်းခက်ခဲလှဘိ၏

အခြားသူတို့အား လမ်းညွှန်ပြသ သင်ကြားပေးနေရသော မောင့်အရှင်ဝယ်မူ လမ်းပြမည့်သူကား မရှိသည့်အခါ နှမနာကျင်ရပါ၏ ကောင်းကင်ထက်မှ ကြယ်တာရာ တစင်း‌‌ေလာက်မျှ‌‌ပင် မထွန်းပနိုင်သော်လည်း ပိုးစုန်းကြူး၏ အလင်းတပွင့်လောက်သာ မောင်အရှင်အား နှမအလင်းပေးနိုင်ပါရစေ။ 


မောင်အရှင်၏ နေ့စဉ်ဘဝ အဆင်ပြေချောမွေ့မှ ရှိပါလေစ..ထောင်ပေါင်းများစွာသော ဘေးအန္တရာယ်တို့မှ လွတ်ကင်းပါလေစ မောင်အရှင်။ ..မောင်အရှင် ဘေးကင်းစေရန် နှမသည် သုံးလောကထိပ်တင် ရှင်တော်မြတ်ဘုရားထံတွင် အသက်အားလှူဒါန်း၍ပင် ဆုတောင်းပေးနိုင်ပါသည်။


နှမပို့သသော ဆုတောင်းမေတ္တာများကြောင့် မောင်အရှင်၏ တိုက်ပွဲတရာတွင် အောင်ပွဲဆင်နိုင်ပါစေ အိမ်ပြန်လမ်းကို အရောက်မြန်ဖို့တော့ဖြင့် နှမမမျှော်လင့်လိုပါ

တိုက်ပွဲတိုင်း အောင်နိုင်ဖို့ကိုသာ နှမမျှော်လင့်လိုပါသည်။


အပြုံးလှလှ ဆင်မြန်းထားသောစစ်သူရဲကောင်းတို့၏ အိမ်ပြန်လမ်းမထက်ဝယ် 

နှမ၏လက်ဆယ်ဖြာဖြင့် ကိုယ်တိုင် ပျိုးစိုက်အပ်သော အောင်ပန်းများဖြင့် သင့်အားကြိုဆိုချင်လှပါပြီ မောင်အရှင်။      ။


####


အခုလိုကာလမှာ ကျတော့်ကဗျာထဲကအတိုင်း ချစ်သူကိုမျှော်နေရတဲ့ မိန်းကလေး‌ေတွရှိနိုင်မှာပါဗျ ဒါကြောင့်မို့လို့ သူတို့အတွက် ကျတော်ဒီကဗျာကိုရေးပေးလိုက်ပါတယ်ဗျ ကဗျာလေးကတော့ ရှေးဆန်မှာပါဗျ  တချို့တော့ ကြိုက်ချင်မှကြိုက်မှာပေမယ့် ကဗျာရဲ့သဘောကိုသေချာခံစားမိရင် ကျတော်ပေးတဲ့ရသကို

သိနိုင်မှာပါဗျ ဘယ်မိန်းကလေးမဆို သူတို့ချစ်မြတ်နိုးတဲ့ စစ်သည်တ‌ေယာက်ကို သူရဲကောင်းမင်းသားလို့ မြင်မိမှာပါဗျ

ဒီတော့ ကျတော်က ကာရန်လည်းညီစေတော့ဆိုတဲ့ သဘောနဲ့ စကားအသုံးအနှုန်းကို သာမန်နဲ့မတူအောင်ပြောင်းလဲပေးထားပါတယ် ကျေးဇူးတင်ပါတယ်ခင်ဗျာ။

7 comments:

  1. ခက်ခဲမယ် ကြမ်းတမ်းမယ်။
    ပြည်သူတွေက အနာဂတ်နိုင်ငံတော်သစ်
    ဖက်ဒရယ် ဒီမိုကရေစီ ယူနီယံ အတွက်
    သက်စွန့်ကြိုးပမ်းနေကြတယ်။
    တိုင်းရင်းသားဒေသတွေ ‌ရှေးယခင်ကလို
    ကိုယ်ပိုင်အုပ်ချုပ်
    မျိုးနွယ်စုအလိုက် လွတ်လပ်စွာနေထိုင်ကြပြီး
    ဖွံ့ဖြိုးတိုးတက် လူဂုဏ်သိက္ခာနဲ့အညီ
    သားစဉ်မြေးဆက် ရှင်သန်ဖို့ 💕

    ReplyDelete
  2. "မီးတောက်တစ်စ"
    -----------------
    မိစ္ဆာကို ရွံတဲ့ ငါတိုဟာ
    မိစ္ဆာရဲ့ သွေးနဲ့ မရှင်သန်ချင်ဘူး။

    ငါတိုကို သတ်မယ့် အဆိပ်ကို
    ငါတိုကိုယ်တိုင် မဆက်သကြဖိုလိုတယ်။

    ခေတ်ဦးသူပုန်တပ်ရဲ့ အလံတော်ထံ
    ငါတိုရဲ့ စိတ်ဝိညာဉ်ကို ဦးညွှတ်စေ။

    ငါတိုသွေးသမျှ အစွယ်
    မိစ္ဆာကို စီရင်မယ့် ဓားတလက်ဖြစ်စေ။

    ငါတိုထွန်းညှိရမယ့် မီးတောက်တစ်စဟာ
    ငါတို ကိုယ်တိုင်ပဲ ဖြစ်တယ်။

    လေလွင့်

    ReplyDelete

Thank you for being with us All Clicker Love you,