Monday, April 25, 2022

တော်လှန်ချစ်သူ

 တော်လှန်ချစ်သူ

-----------------------


မသေသေးရင်တော့

ပြန်တွေ့ကြေးပေါ့....ချစ်သူ

   

အသက်ဘေးရင်းထားမှတော့

ကမ္ဘာ့တေးဟာ ဘယ်ချိုတော့မလဲ‌လေ

တို့တစ်တွေရဲ့ နိုင်ငံတော်ကြီးဟာလဲ အလဲလဲ အပြိုပြို


မပြိုတဲ့ စိတ်

ခိုင်မာတဲ့ သံဓိဌာန်နှင့်

မအိုတဲ့ အချစ်တွေပိုက်ရင်း

ကြိုဆိုမယ့် မင်းရင်ခွင်ဆီ

တော်လှန်တေးသီရင်း ခိုဝင်မယ်ဆို

မင်းမျှော်ပါနော်

မင်းပျော်ပါနော်....ချစ်သူ



san zuren

5 comments:

  1. မသေသေးရင် တွေ့ကြမယ်
    🌸😍🌸

    ReplyDelete
  2. အသက်ဇီဝပုံစံသစ်

    ဆန့်ထုတ်လိုက်တဲ့ မီးခိုးငွေ့ထဲ
    စိတ်ဝိညာဉ်တွေ အရိုးပြိုင်းပြိုင်းထ
    ငါနဲ့ ငါ့ အကြား
    ဆက်သွယ်ထားတဲ့ အချိတ်အဆက်တွေ
    မြည်တွန်တောက်တီးကြ။
    ခြောက်ကပ်ကပ်
    မတွေးနဲ့တော့လို
    သူငယ်ချင်းက ပြောတယ်။
    ငါက အရည်ကျဲကျဲ ပဲဟင်းတစ်ခွက်ဝယ်
    အိမ်ပြန်ခဲ့တယ်။
    ➣မိုးဝေး

    ReplyDelete

Thank you for being with us All Clicker Love you,