ဒီ ပွဲ ပြီး ရင်
တစ်နေ့ ကျရင်ပေါ့....
ဝင်သက်ကို တမုန်းရှိုက် ပြီး
မျက်စိ စုံမှိတ်
အံမကြိတ်ပဲ အသက်ဆက်အုံးမယ်....
အဲ့ဒီအခါ...
သိပ်လှခဲ့တဲ့ ပန်းကလေး တွေ အကြောင်း....
ကောက်ကွေ့လွန်းတဲ့ မြစ်တွေအကြောင်း....
ရက်စက်လွန်းတဲ့ မြေခွေးအို အကြောင်း....
သိပ်ရဲရင့်တဲ့ အိပ်တန်းပြန် ငှက်ကလေးတို့ အကြောင်း.....
တပွေ့တပိုက် ဖွင့်ဟ ချင်သေးရဲ့.... ။
မွန်းကျပ်ခဲ့သမျှ အတိုးချရင်း....
ဟိုး...တောင်တန်းအရှေ့ က
စကားမပီကလာ လူရိုးကြီး တွေ ကြား
ဟာသ နှောရင်း....
ထွက်သက် ကို စွန့်မယ်....
ရင်ဘတ်ချင်း ညီခဲ့တဲ့
ကြယ်ကလေး တွေနဲ့ အတူပေါ့....။
Zaby Sandy
9.1.2022
နှိပ်ပြီးပါဗြီ.....
ReplyDeleteDone
ReplyDelete💞💞💞
ဒီနှစ်နွေ သိပ်မပူဖို့မျှော်လင့်ရင်း✊
ReplyDeleteFighting all
ReplyDeleteငါတို့ရဲ့ မဝေးတော့တဲ့ အနာဂတ် အတွက် ... ❤️💪❤️
ReplyDeleteFighting togethet 💪
ReplyDelete🍀🍀🍀🍀🍀
ReplyDeleteone day..
ReplyDelete