Monday, January 17, 2022

ပဲ့ကြွေကဗျာရှည် ( အပိုင်း -၄ )

ပဲ့ကြွေကဗျာရှည်

 

(၄)

အချစ်အကြောင်းတို့လောက် ဘယ်သူသိမလဲကွ

ငါဟာ တစ်ပါးသူ အတွဲဖြစ်နေတာ သိပ်အားကျတတ်လို့

ကိုယ့်အခြေအနေကိုယ်မမြင် ကိုယ့်ဘာကိုယ်ထင်ချင်ရာထင်

ဪ...မြင်တတ်သလိုမြင်ရင်း အသည်းကို ကွဲတတ်သလိုကွဲတာပေါ့

သူတို့ကြိုက်တဲ့ ခပ်ပေါ့ပေါ့ကျော့ကျော့နဲ့ ဂိုက်ကို လိုက်လုပ်ချင်လို့

ဘဝက ငါ့ကိုရွဲ့နေတာလားလို့ 13နှစ်သားအားနဲ့ ဆဲလို့ဆို

မျက်ရည်မကျပဲ ငိုတဲ့ညတွေ အများသား

11 comments:

Thank you for being with us All Clicker Love you,