Friday, January 21, 2022

"လူတော်လူကောင်းဖြစ်ဖို့ ကြိုးစားဆဲ"

 "လူတော်လူကောင်းဖြစ်ဖို့ ကြိုးစားဆဲ"



အသက်တွေသာ တစ်နှစ်ထက်

တစ်နှစ် ပိုကြီးသွားပြန်တယ်


အချိန်တွေ ရွေ့လျားနေတာနဲ့အမျှ

အခုထိကိုယ်ဘာတွေလုပ်ပြီးပြီလဲ

နောင်ရော ဘာတွေလုပ်ဦးမှာလဲ

သံသရာမှာ ဘာတွေသယ်ပြီးသွားမှာလဲ 

အမြဲသုံးသပ်ဖြစ်တယ်


ဘဝမှာ ကြုံဆုံလာသမျှသူ အားလုံးကို ကောင်းကျိုးဖြစ်ထွန်းစေတဲ့သူပဲ

ဖြစ်ချင်မိတယ်

မကူညီနိုင်တောင် ဒုက္ခပေးတဲ့သူမျိုး

မဖြစ်ချင်ဘူး


ရွေ့လျားသွားတဲ့ အချိန်တွေ 

ကြီးသွားတဲ့ အသက်တွေကြားမှ

အသိညာဏ်တွေပိုကြီးသွားမှသာ 

တန်ဖိုးရှိတဲ့လူသားတစ်ယောက်

ဖြစ်နိုင်မယ်


ယနေ့ထိ ကြုံဆုံလာသမျှ

ဘဝထဲမှာ တွေ့လာသူအားလုံးကို

ကျေးဇူးတင်ပါတယ် 


လူတော်လူကောင်းဖြစ်အောင်

အစဉ်ကြိုးစားလျှက်…





San Zuren 🌸

11 comments:

Thank you for being with us All Clicker Love you,