Thursday, January 20, 2022

" သိပ် ပူ တဲ့ နွေ "

"   သိပ် ပူ တဲ့ နွေ "


     ပွင့်လင်းတဲ့ နွေဟာ 

     အစွယ်တွေအောက် ကြောက်ပြရပြီး

     နွေအတု ကို ဧည့်ခံ 

     ပုံမမှန်အောင် ဖန်တီး 

    ေနွဟာ သူ မဟုတ်တော့သလို ။


     နွေဟာ နွေကို ကြောက်ပြီး 

     ပုန်းအောင်းနေတာ

     ရက်လရှည်ကြာခဲ့ပေါ့ ။


      အိပ်မက်မှာ ပါဖူးတဲ့ ေနွဟာ

     သွေးချောင်းမစီး အသက်မခြွေ

   အနိုင်မကျင့်တဲ့ အမှန်တရားဘက်ကပါ ။


     ယက္ခတွေ ဖျက်ဆီးမှ 

     သိပ်လှတဲ့ နွေဟာ

      မျက်ရည်အဖြစ် အသွင်ပြောင်းလို့

     သောကတွေ စီးစေခဲ့တယ်

     ဘယ်တော့ ပြန်မှာလဲ နွေရယ်....။


     မျှော်လင့်တဲ့ နွေဟာ

     သစ္စာ မရှိစွာ လာတော့....

     တောင့်တ တဲ့ နွေဟာ

     မေတ္တာ မပါပဲ လာတော့....

     စောင့်ရတဲ့ နွေဟာ....

     ဂရုဏာ မဲ့စွာ လာတော့....

အပူကန်ပြီး မျက်ရည်တွေ ဆန်တက်ရတဲ့နွေ

ဒီရင်ထဲ အပူမီး တငွေ့ငွေ  ့စီးတဲ့ ေနွ ။


    မိုးစက်တွေ ကျနေပေမယ့်

   ဒီရင်ထဲ သိပ်ပူတယ်

    နှင်းစက်များ ဖွေးနေပေမယ့် 

    ဒီနွေဟာ မနွေးလေတော့ 

    အပွင့်တွေ ဝေပြီး 

    အဖူးတွေ ကြွေ​ေသာနွေ

     အငုံတွေ နွမ်းပြီး 

     အသီးတွေ ပျက်စေသော နွေ

သိပ်မုန်းတာပဲကွယ် ။


     မျက်ရည် တွေ နွေမှာ ကျပြီး

     သုခ ကို ရှာမရ 

     အပူသောက နဲ့

     အပြိုင်ချရင်း ရုန်းသူက ရုန်း

      ရင်းသူက ရင်း

     ဒီပွဲ မပြီးမချင်းတော့

      ကြယ်တွေ ထပ်မကြွေပါစေနဲ့ ။


   ဓမ္မတွေ အောင်လံလွှင့် မယ့် တစ်နေ့

   တို့တစ်တွေ လက်တွဲပြီး

  စိမ်းလန်းတဲ့ နေရာ သစ်

    အချစ်စစ်တွေ မွေးဖွားဖို့ 

  နွေမိုးဆောင်း ကို သက်သေတည် 

 အခြေတိုးပြောင်း အောင် စွမ်းဆောင်ရင်း

  ကျဆုံးလေပြီသော ကြယ်တာရာအပေါင်း ကို

  အဖော်ပြုအုံးစို့ ။ ။


       Zaby Sandy

10 comments:

  1. နှိပ်ပြီးပါဗြီ.. ,.

    ReplyDelete
  2. ဒီနှစ်နွေ သိပ်မပူဖို့မျှော်လင့်ရင်း✊

    ReplyDelete
  3. အေးချမ်းပါစေ နွေရယ် ❤️💪❤️

    ReplyDelete
  4. သိပ်လှတဲ့ ကဗျာ

    ReplyDelete
  5. Nice Poem!!!
    ဒီနွေက ခွေးရူးတွေကြောင့် သိပ်ပူလွန်းတယ်
    မျက်ရည်ပင်လယ်တောင် ဝေလို့။
    ကြွေလွှင့်ခဲ့ရတဲ့ ကြယ်တွေအတွက်
    ငါတို့ပေးဆပ်သမျှ မပြောပလောက်သေးပါဘူး။

    ReplyDelete
  6. ရင်ထဲကအပူ ဘယ်​ရေစင်ဖြင့်ငြိမ်းနိုင်မလဲ
    ⭐နှလုံးသွင်းတတ်​သောတရား​ရေစင်ဖြင့် ငြိမ်းသတ်နိုင်ပါ​စေ⭐

    ReplyDelete

Thank you for being with us All Clicker Love you,