Tuesday, January 18, 2022

 #crd_to_Original✍️ #    


ဖယောင်းတိုင်တွေထွန်းပြီး 

သေသူကို သတိတရ ဝမ်းနည်းကြပေမယ့်

ဖယောင်းတိုင်မှုတ်ပြီး 

မွေးနေ့ပွဲတွေ ကျင်းပကြတယ်။ 😉


ခြေကျင်းစွပ်ကို သိန်းချီပေးဝယ်ရတယ်။

ပြီးတော့ ခြေထောက်မှာ စွပ်ကြတယ်။

ဒါပေမယ့်

ဆံပင်ချည် သရေပင်က ရာဂဏန်းပဲ

တန်ဖိုးရှိပြီး ခေါင်းမှာနေရာရတယ်။ 🙂


ဒါကြောင့် တန်ဖိုးထက် 

လုပ်ဆောင်ရမယ့် နေရာက 

အဓိက ဖြစ်လာတယ်။ 🙂


မှန်ကန်တဲ့ အကြံပေးသူဟာ ဆားခါးနဲ့တူတဲ့

မိတ်ဆွေစစ်ဖြစ်တယ်လို့ ယူဆပြီး 

အလိုလိုက် အကြိုက်ဆောင် 

အချိုသတ်ပေါင်းသူတွေဟာ သကြားလိုပါပဲ။


ဆားခါးက ပိုးပုရွက်မကျဘဲ ၊ 

သကြားကတော့ ပိုးပုရွက်ကြောင့် 

ပျက်စီးခြင်းကိုရောက်ရတယ်။


ကောင်းတဲ့လမ်းကို 

ဘယ်သူမှ မသွားချင်ကြဘူး။

မကောင်းတဲ့ လမ်းကိုတော့

အားလုံးသွားကြတယ်။

ဒါကြောင့် 

အရက်ရောင်းသူက ဘယ်မှမသွားရဘဲ 

နွားနို့ရောင်းသူက အိမ်တိုင်းထိသွားရတယ်။


နံရံပေါ်ကပုံရဲ့ ဝန်ထမ်းထားတာက သံချောင်းလေး။

ဒါပေမယ့် 

လူတွေချီးမွမ်းကြတာက 

သူ့ပေါ်ချိတ်ထားတဲ့ ဓာတ်ပုံ။


လူတွေက 

သူတို့ကို တိရိစ္ဆာန်လို့ ပြောရင် 

ထသတ်ချင်ကြပြီး 

ကျားလို ခြင်္သေ့လို ရဲရင့်လိုက်တာဆိုရင်တော့ 

ကျေနပ်နေကြပြန်ပါလေရော ။


မင်္ဂလာပွဲတွေမှာ 

လူတွေက အရှေ့ကနေ လိုက်ကြပြီး 

မသာပို့ချိန်ကြ နောက်ရောက်သွားကြတယ်။

ဒါကိုမြင်ရတော့ လောကကြီးက 

ပျော်နေချိန်မှာ သင့်ရှေ့ကနေကြပြီး

ဝမ်းနည်းချိန်မှာ 

နောက်ကို ဆုတ်သွားတတ်ကြတဲ့

သင်ခန်းစာကို ယူမိတယ်။


မွေးမယ် သေမယ် ဖြစ်နေကြအုံးမယ့်

တလောကလုံးမှာ အမြဲတမ်းကျန်ခဲ့မယ့်

ကိုယ့်သမိုင်းလေး ကိုယ်တော့

လက်ရေးလှအောင် အမှန်ကန်ဆုံး

ရေးနိုင်ကြစေချင် ပါတယ်။


#Credit_to_original✍️❤️

6 comments:

  1. ကိုယ့်သမိုင်းလေး လှဖို့၊ လိပ်ပြာလုံဖို့၊
    တလရ မပြီးမချင်း click နေမှာပါ ❤️💪❤️

    ReplyDelete

Thank you for being with us All Clicker Love you,