Monday, January 17, 2022

ပဲ့ကြွေကဗျာရှည် ( ပြီးပါပြီ )

ပဲ့ကြွေကဗျာရှည်


(၇)

ဘဝဆိုတာ ရှေ့ဆက်သွားဖို့ပဲ ရပ်မနေနဲ့

မိုတီဆိုတာ ပေးတိုင်းလည်း အရာရောက်မနေခဲ့

ငါရဲ့ ပဲ့ရွဲ့စုတ်ပြတ်နေတဲ့ နှလုံးသားနဲ့ စိတ်ဝိဉာဉ်ကို

ဘယ်နားမှာမှန်းမသိတဲ့ အဖဘုရားသခင်က ထပ်ကောင်းချီးပေးမလို့တဲ့

ကြောက်လို့ပါ နေပါစေလို့ပဲ ငြင်းဆန်ခဲ့တယ် ပျို 


မလိုတော့ပေမယ့်လည်း အဖဘုရားရဲ့ကောင်းချီးမင်္ဂလာတစ်ပါးက ဆက်ရှိနေဆဲ

ငါမျှော်လင့်မှုမရှိဘူး မထူးဇာတ်လို့ပဲထင်နေတယ်

ဘဝမှာ ရှင်သန်ရတာကိုက နိယာမက တွေ့ဆုံကြုံကွဲပဲ 


ရိုမီယိုဟာလည်း သူ့ဂျုးလိယက်နဲ့ လွဲသွားတယ်

ဂျက်ဟာလည်း ရို့စ်ကို ခွဲသွားတယ်

ငါဟာလည်း သူမကို ဘယ်လိုမျိုး ခွဲသွားမိမလဲ

စိတ်ထဲက အမှောင်ရိပ်က ခြောက်လှန့်နေတယ် 


သိပ်ရှည်နေတဲ့ ဒီကဗျာလား ညည်းသံလားမသိ‌တဲ့စာကို

ဖတ်သူတွေလည်း

တွေ့ဆုံကြုံကွဲကို မမေ့ကြပါနဲ့


#Tommy

10 comments:

  1. အချစ် ဆိုကတဲ့စကားလုံးမြင်တာနဲ့
    ကမ္ဘာက ထထပျက်ခြင်တယ်..
    fighting��

    ReplyDelete
  2. မြန်မာပြည်ကြီး ငြိမ်းချမ်းဖို့အတွက်

    ကြိုးစားကလစ်ကြစို့နော်

    ReplyDelete
  3. ဆုံနိုင်မယ့် တ​နေ့

    ReplyDelete
  4. နှိပ်ပြီးပါဗြီ....

    ReplyDelete
  5. ကဗျာရှည်ကို အစဆုံး တဆက်ထဲဖတ်တော့
    ရေးသူဘဝအကြောင်းသိရလို့ "အားမလျော့နဲ့ အားတင်းထား"ပါလို့ အားပေးချင်ပါတယ်..
    "clicker တို့တတွေလဲ ကဗျာထဲကလို တွေ့ဆုံကြုံကွဲဆိုတဲ့ မမြဲခြင်းတရားကို လက်ကိုင်ထားကြပြီး တွေ့ဆုံနေကြတဲ့အခိုက်အတန့်လေးမှာ လိုရာဌာနအသီးသီးအတွက် click ကို နေ့စဉ်နှိပ်လို့ ဒါနပြုကြပါစို့ " ထပ်ဆင့်တိုက်တွန်းပါရစေ။

    ReplyDelete

Thank you for being with us All Clicker Love you,