Friday, January 21, 2022

အစ အဆုံး

အစ အဆုံး

---------------


အစ

စပြီးရင်

အဆုံး

ဆုံးသတ်တတ်ဖို့အထိ

ပြင်ဆင်ထားရမယ်


အခု

အစအဆင့်ပဲ ရှိသေးတယ်


ကိုယ်စီကိုယ်စီ

အဆုံးသတ်တစ်ခုကို

မျှော်ရည်မှန်းထားကြပေမယ့်

အချိန်

နေရာ

အမှန်တရား

ဒီသုံးပါးအပေါ်မူတည် 

အနားသတ်ကြရမယ်


စပြီးရင်

အဆုံးသတ်ဖို့ 

ဘုံအနားသတ်တစ်ခု

အခုကတည်းက 

ချရေးထားဖို့လိုတယ်


ဒီလမ်းဟာ

အစကောင်းဖို့လိုသလို

အဆုံးသတ်လှဖို့လည်းလိုတယ်


ရှေ့တစ်ကွေ့ရောက်ရင်

အဆုံးသတ်တော့မယ်




San Zuren 

🌸

12 comments:

Thank you for being with us All Clicker Love you,