Monday, January 17, 2022

ပဲ့ကြွေကဗျာရှည် ( အပိုင်း-၆ )

ပဲ့ကြွေကဗျာရှည်

 

(၆)

ချစ်ရမှာကြောက်တဲ့ရောဂါ

အသည်းကွဲကင်ဆာ နောက်ဆုံးအဆင့်နဲ့ငါ

လူရှင်လို့ စိတ်သေလျက်သာ

မျက်နှာဖုံးစွပ်လို့ ဆက်လျှောက်လာ 


ငါဟာ တစ်ယောက်ထဲပဲဟေ့

ဘယ်သူက စောက်ဂရုစိုက်မှာလဲ ဒီညည်းသံတွေကို

ဖေးမလို့လေ ရယ်အတူရယ် ငိုအတူငို

သူ‌မရောက်လာခဲ့တယ် တကယ်ပါဆို 


အရာရာက ဧည့်သည်ပဲလို့ ငါစိတ်စွဲထား

သာယာယစ်မူးရင်း ငါမေ့သွားခဲ့

သူမ သတိပြန်ပေးသွားခဲ့တယ်

နွေဦးတော်လှန်ရေးမှာ သူမ အပြီးတိုင် ထပ်လို့ထားသွားခဲ့တယ် 


ပျော်သေးလား

မပျော်ဘူး

ဝမ်းနည်းသေးလား

ဝမ်းမနည်းဘူး

ငါ့အတွက် ဘာကမှ ဘာမှမဟုတ်တော့ဘူး

ငါက တိတ်တိတ်လေး ကြိတ်ရုးပြီးနေပြီလေ

8 comments:

Thank you for being with us All Clicker Love you,