Wednesday, January 26, 2022

လမ်းနှစ်လမ်း


  လမ်းနှစ်လမ်း


လူတိုင်းရဲ့ဘဝမှာ 

လမ်းနှစ်လမ်းရှိတယ်


တစ်လမ်းကို စိတ်နဲ့လျှောက်တယ်

ဒါကို စိတ်ကူးအိပ်မက်လို့ခေါ်တယ်


နောက်တစ်လမ်းက ခြေနဲ့လျှောက်တယ်

ဒါကို အမှန်တကယ်လက်တွေ့လို့ ခေါ်တယ်


စိတ်အလျှောက်နှေးတဲ့အခါ

လက်တွေ့  ပင်ပန်းသွားတတ်တယ်။


ခြေအလျှောက်နှေးတဲ့အခါ

စိတ်ကူးအိပ်မက် မပျံသန်းတတ်တော့ဘူး


လူ့ဘဝမှာ အောင်မြင်မှုက

စိတ်ကူးအိမ်မက်ကို ခြေလှမ်းနဲ့တစ်သားတည်း အတူလျှောက်နိုင်တာပဲ ဖြစ်တယ်




San Zuren 🌸

11 comments:

  1. မှတ်သားထားပါ့မယ်နော်
    😘😘😘

    ReplyDelete
  2. နှိပ်ပြီးပါဗြီ ...

    ReplyDelete
  3. လမ်းနှစ်လမ်း

    ReplyDelete
  4. “ ဆန္ဒဝတော ကိံနာမ ကမ္မံ န သိဇ္ဈတိ၊ ဝီရိယဝတော ကိံနာမ ကမ္မံ န သိဇ္ဈတိ ”

    *** ပြင်းပြသော ဆန္ဒ ဝီရိယနဲ့ ပြုလုပ်တဲ့ အလုပ်မှန်သမျှ မအောင်မြင်တာ မရှိ ***

    ReplyDelete

Thank you for being with us All Clicker Love you,