"What Is Federal Democracy?"
ပြည်နယ်များရဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်(self-determination)နဲ့ပတ်သက်လို့ ပင်လုံစာချုပ်မှာတော့ အာမခံပေးပြီးဖြစ်တယ်
အနီးဆုံးခြေဥဖြစ်တဲ့ 2008ခြေဥမှာတော့ နောက်ဆက်တွဲဇယား 2 ဟာ ပြည်နယ်များရဲ့ဥပဒေပြုပိုင်ခွင့်ဖြစ်တယ်
လက်ရှိကတော့ 47ခြေဥပုံစံပဲ ရှိနေပါသေးတယ်
ဖက်ဒရယ်ဒီမိုကရေစီစစ်စစ်ကို သွားမယ်ဆိုရင်တော့ ပြည်နယ်ရော၊တိုင်းများရောပါ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိရမှာဖြစ်တယ်
အဲဒီအတွက်လိုအပ်တဲ့ အင်စတီကျုရှင်းများကို ယခုဖွဲ့စည်းသင့်နေပါပြီ
တိုင်းဒေသကြီးများက တော်လှန်အင်အားစုများနှင့် NUGအစိုးရတာဝန်ရှိသူများနဲ့တွေ့ဆုံတဲ့အခါ
အဓိက လက်နက်နဲ့ဘတ်ဂျက်၊ နိုင်ငံရေးအခွင့်အာဏာခွဲဝေပေးဖို့နဲ့ တိုင်းအလိုက်နိုင်ငံရေးဦးဆောင်အဖွဲ့များ ဖွဲ့စည်းပြီး ပြန့်ကျဲနေတဲ့ တော်လှန်ရေးအားတွေကို
စုစည်းဦးဆောင်ရပါမယ်
တိုင်းနဲ့ပြည်နယ်အလိုက် နိုင်ငံရေးအာဏာခွဲဝေဦးဆောင်ခွင့်ကို စတင်ကျင့်သုံးခြင်းဖြင့် ဖက်ဒရယ်ဒီမိုကရေစနစ်ကို အသက်သွင်းသင့်ပါပြီ
ဒီလိုခွဲဝေကျင့်သုံးခြင်းဖြင့် ဒေသအသီးသီးမှာ
အာဏာကွက်လပ်ဖြစ်မှုကိုလည်း ထိန်းကျောင်းပေးရာ ရောက်တယ်
ပြည်နယ်များရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုတာဟာ ဖက်ဒရယ်ပြည်ထောင်စုမှာ မဖြစ်မနေသွားရမယ့် နိုင်ငံရေးလမ်းစဉ်ဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်(EAOs)များကို ဆွဲဆောင်ရာမှာလည်း အရေးပါတဲ့သဘောတရားဖြစ်ပါတယ်
ယခုချိန်မှာ စကစဘက်ကလည်း EAOsများကို သူ့ဘက်ပါလာစေရေး လိုက်လျောဆွေးနွေးမှုလုပ်နေချိန်မှာ
ဖက်ဒရယ်စစ်စစ်မူများနဲ့ ချပြဖိတ်ခေါ်ပြီး ပြည်သစ်ထူထောင်ရေးမှာ ပါဝင်လာစေဖို့ EAOsများကို စည်းရုံးရမှာက တော်လှန်ရေးဦးဆောင်သူများရဲ့ တာဝန်သာဖြစ်ပါတယ်
စစ်အာဏာရှင်ဖြုတ်ချရေး အရေးတော်ပုံကြီးမှာ
မကြိုက်လို့ချတာက တော်လှန်ရေး၊ ကြိုက်တာကို မျှော်မြင်တောင်းဆိုတာက နိုင်ငံရေးဖြစ်ရပါမယ်
အရေးဝောာ်ပုံကြီးရဲ့မျှော်မှန်းချက်ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်သစ်တည်ရေးကို ဖော်ဆောင်ရာမှာ တော်လှန်ရေးပြီးမှ နိုင်ငံရေးပြောမယ်ဆိုတာထက် နိုင်ငံရေးကို တိတိကျကျဆွေးနွေးပြီး တော်လှန်ရေးနဲ့ တွဲစပ်စဉ်းစားဖော်ဆောင်တာက ပိုခရီးရောက်ပါတယ်
ပါဝါကို ခွဲရမှာကို ကြောက်နေလို့မဖြစ်ပါ
ရဲရဲခွဲပေးပြီး စုယူပါ
ခွဲရင် ကွဲသွားမှာလို့ စိုးရိမ်မနေသင့်
ခွဲပေးပြီးစုတဲ့နည်းကို ကျင့်သုံးပါ
အမေရိကန်ပြည်ထောင်စုပေါ်ပေါက်လာပုံကို သာဓက ကြည့်နိုင်ပါတယ်
ထင်းစည်းအစည်းလိုက်ချိုးမရတဲ့ ဥပမာလို ဆုပ်ထားမှ "အား" ရှိ ဆိုတဲ့သဘောတရားကနေ ခွာပြီး ဖြန့်ခွဲထားတဲ့အားကိုလည်း အသုံးချသင့်နေပါပြီ....
San Zuren 🌸
နှိပ်ပြီးပါဗြီ.....
ReplyDeleteClick with love 💕
ReplyDelete🍀🍀🍀🍀🍀
🍀🍀🍀🍀🍀
DeleteFighting together 💪
ReplyDeleteနိုးကြား ကြိုးစား
ReplyDeleteNever underestimate our enemy but no need to afraid
ReplyDeleteBe safe and strong
Done
ReplyDeletedone
ReplyDeleteThis comment has been removed by the author.
ReplyDelete