လူမဆန်သော လူထဲကလူ
ပခုံးနှစ်ဖက်ကြား ခေါင်းပေါက်လို့သာ
လူလို့ခေါ်တွင်
အသိဉာဏ် စာနာစိတ်က
လူနဲ့မတူ တစ်မူကွဲပြား
လူ့ဘီလူးများနှင့် မခြားသာ
သေနတ်မောင်း ပြောင်းလှည့်
တဒိုင်းဒိုင်း ပစ်ခတ်လို့
လူလိုသိ လူစိတ်ရှိသူတို့
ဦးနှောက်ကို တရှိန်ထိုး ဖောက်ကာသွား
ထိုကျည်ဆံတို့ ကခုန်ကာပြေးလွှားလို့
ဖြာကနဲ သွေးစက်တို့ စင်ထွက်ကာသွားတော့မှ
ဒါလားဟဲ့ အာဂသွေး ရဲရဲနီပေသကိုး
တစ်ခါကသမိုင်းရိုင်းခဲ့ပေမယ့်
ဒီတစ်ခါရေးတဲ့သမိုင်း ဂျင်းစော်မနံစေဖို့
လူမဆန်တဲ့ လူထဲကလူတွေအတွက်
စာနာညှာတာဖို့အချိန် ကုန်လွန်သွားခဲ့ပြီ
သွေးကြွေးမှာ ဆွေးနွေးသွေးအေးစရာမရှိ
အသာနေရင်တော့ အသေနာဖို့လမ်းသာမြင်
အနည်မပါတဲ့ ရေကိုရဖို့ တို့တွေဟာ
စ(ဇ)ကာပေါက်ဖြစ်မယ်ဆိုရင်တောင်
တို့စ(ဇ)ကာပေါက်လေးတွေ
တွဲလက်ညီကြစို့......
ThaeNu
Click with love 💕
ReplyDelete🍀🍀🍀🍀🍀
ငါလိုးမနိုင်ငံတော်
ReplyDelete-------------------------------
ဂဲဆွဲ ရေမြုပ်ခံထားရလို့
နွံဖုံးနေတဲ့ နိုင်ငံကို
ရွှေနိုင်ငံလို့ ကင်ပွန်းတပ်ပြ
ဝါးလုံးခေါင်းထဲတောင်
လမသာခဲ့တဲ့
ငါလိုးမနိုင်ငံတော်...။
အရှေ့တောင်အာရှကလည်း မသိ
အနောက်ဥရောပကလည်း မသိ
ဘယ်ကမ္ဘာမှ မသိတဲ့ တာဇံနိုင်ငံကနေ
မျိုးရိုးက အထက်တန်းစားလို့ ကြွေးကြော်
ဘုရားသွားရင်တောင် ဖိနပ်ပျောက်တဲ့
ငါလိုးမ နိုင်ငံတော်...။
ဆယ့်ငါးနှစ် ကျောင်းတက်တဲ့ ဘွဲ့ရက
ငါးလသင်တန်းတက်
ကလေးလောက်
ဘိုစာမတတ်
ထမင်းတစ်လုတ်စာတောင်
မရှာနိုင်တဲ့ဘွဲ့လက်မှတ်ကို
စည်တော်ယွန်း အခမ်းအနားနဲ့ပေး
ဧည့်ခန်းမှာ ရှက်စရာကောင်းတဲ့ ပုံချိတ်ရတဲ့
ငါလိုးမနိုင်ငံတော်...။
ငွေမရှိရင် အမှန်တရားမရှိ
ရာထူးမရှိရင် အမှန်တရားမရှိ
အကပ်ကောင်းနဲ့ စီးပွားရှာ
ခရိုနီလက်အောက် ပြားပြားမှောက်နေတဲ့
ငါလိုးမနိုင်ငံတော် ....။
ဖက်စပ်အရက်ရောင်း လူငယ်တွေသတ်
ကြာရှည်ခံဆေးသုံး ကင်ဆာတွေဖြန့်
ငှက်ဖျားနဲ့ တုတ်ကွေး
ခြင်ကြားနဲ့ ယင်
လမ်းဘေးခွေး တစ်ပြုံတစ်မနဲ့
ပိုက်ဆံမရှိ ဆေးရုံမတက်ပဲ
သေရတဲ့
ငါလိုးမနိုင်ငံတော် ...။
ရေအောက်က မွန်းကြပ်ပီး
ထွက်လာစ
တစ်၀က်လောက်အပေါ်မှာ
ရေအောက်ကို ပြန်ထိုးချခံရ
ဒလံတစ်ကောင်နဲ့ တစ်ရပ်ကွက်လုံး ဒုက္ခရောက်
အာဏာရူးတစ်ကောင်အတွက်နဲ့ တစ်နိုင်ငံလုံး ဒုက္ခရောက်
သွေးချောင်းတွေ အထပ်ထပ်စီးရတဲ့
ငါလိုးမနိုင်ငံတော်...။
ရင်ခွင်ထဲပိုက်ထားတဲ့ ကလေးကိုသတ်
မြင်မြင်ရာ ယောက်ျား မိန်းမစိတ်ထင်သလိုသတ်
ပြည်သူကို အစုလိုက်အပြုံလိုက် သတ်
ဘာတစ်ခုမှ ကောက်စရာမရှိတော့တဲ့
ငါလိုးမနိုင်ငံတော်။
ကိုယ်မေကိုယ်လိုး မင်းအောင်လှိုင်
ဖင်ယားနေတဲ့
ငါလိုးမ နိုင်ငံတော်။
နဒီမင်း
5-June-2021
အိုခေ
ReplyDeleteတို့စ(ဇ)ကာပေါက်လေးတွေ
တွဲလက်ညီကြမယ်
🤝🤝🤝
Fighting together 💪
ReplyDeleteတွဲလက်ညီကြစို့....
ReplyDeletelet click together
ReplyDeleteDone ပါ ❤️💪❤️
ReplyDelete