Friday, March 18, 2022

"မီးပျက်ခြင်းကို လုထုရဲ့ စုပေါင်းလုပ်ဆောင်ခြင်း အလေ့အထ တည်ဆောက်ကြ "

 

 "မီးပျက်ခြင်းကို လုထုရဲ့ စုပေါင်းလုပ်ဆောင်ခြင်း အလေ့အထ တည်ဆောက်ကြ "


အခုတလော နေပြည်တော်ကလွဲလို့ ဒေသတိုင်းနီးပါးမှာ နာရီပေါင်းများစွာ မီးပျက်တဲ့ဒုက္ခကို ရင်ဆိုင်နေကြရပါတယ်

 ဒီလိုမီးပျက်ရတာဟာ မီတာမဆောင်ကြလို့

တော်လှန်ရေးအင်အားစုတွေက ဓာတ်အားလိုင်းတွေဗုံးခွဲလို့ ဖြစ်တယ်ဆိုတဲ့ အသံတွေလည်း ကျယ်ကျယ်လောင််လောင် ကြားလာရပါတယ်


စစ်ကောင်စီက မီတာမဆောင်ကြတာကြောင့် သူတို့မှာလည်ပတ်ဖို့ဘတ်ဂျတ်တွေအင်မတန်နည်းပါးသွားပြီး ပျက်ရတာ မဟုတ်ဘူး 


စစ်ကောင်စီဟာ သူတို့ခိုးယူထားတဲ့ ပြည်သူ့ဘဏ္ဍာတွေကို ပြည်သူတွေကိုလျှပ်စစ်မီးပေးနိုင်ရေးအတွက် မသုံးဘဲ ပြည်သူတွေကို သတ်ဖို့သုံးနေလို့ မီးပျက်ရတာဖြစ်တယ်


လျှပ်စစ်ဓာတ်အားပေးနိုင်ရေးမှာ ပိုက်ဆံသုံးမယ့်အစား တိုက်လေယာဥ်ဝယ်ရေးနဲ့ လက်နက်ဝယ်ရေးတွေမှာ  ပိုက်ဆံဗုံးဗောလအောသုံးနေလို့ လျှပ်စစ်ဓာတ်အားပေးလုပ်ငန်းတွေ ရပ်တန့်ပြီး မီးပျက်ရတာဖြစ်တယ်


ဒါကြောင့် ဒီပြဿနာကိုဖြေရှင်းတဲ့အခါမှာ လူထုရဲ့သွေးစည်းမှုနဲ့ စုပေါင်းလုပ်ဆောင်မှုကို တည်ဆောက်ရင်း ဖြေရှင်းစေလိုပါတယ်


မီတာဆောင်မယ့်အစား အိမ်နီးချင်းတွေစုစည်းပြီး အင်ဗာတာဝယ်တာမျိုး

ဆိုလာတပ်တာမျိုးလုပ်ရပါလိမ့်မယ်

ငွေကြေးပိုလျှံသူများက ကြပ်တည်းသူများကို ကူညီဝန်လျှော့ပေးရမယ်


လူထုဟာ စုပေါင်းအားနဲ့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်တည် ဆောက်နိုင်ရပါမယ် ...



San Zuren 🌸

8 comments:

  1. ပြည်သူတွေမှာ ပြည်သူပဲရှိတယ်
    ပြည်သူအားလုံးညီညွတ်ကြရမယ်

    ReplyDelete
  2. သူတို့က အဆုံးထိယုတ်မာ‌သလို
    ငါတို့လည်း အဆုံးထိလျှောက်မယ်
    အမှန်တရားပြန်ရတဲ့အထိ✊

    ReplyDelete
  3. လူထုကို အတိဒုက္ခရောက်စေတော့
    သူတို့ ဘီလူးလား၊ မိခင်ရင်းလား
    ပြတ်ပြတ်သားသား ခွဲခြားနိုင်တာပေါ့။
    ဒီဒုက္ခကို မခံစားနိုင်လို့ဆိုပြီး
    လက်မြှောက် အရှုံးပေးလိုက်ရင်
    ကိုယ့်တသက်စာမက၊ သားစဉ်မြေးဆက်
    စစ်ကျွန်ဘဝ ရောက်ရတော့မှာကို
    အားလုံးသတိကြီးကြီးထားကြပါ။

    ReplyDelete

Thank you for being with us All Clicker Love you,