Friday, March 4, 2022

တန်ဖိုးရှိတာတွေကို လိုချင်တတ်ဖို့ သင်ယူပါ "

" တန်ဖိုးရှိတာတွေကို လိုချင်တတ်ဖို့

သင်ယူပါ "


လောကမှာ လိုချင်တာတွေပဲ

ရတတ်တယ်


တန်ဖိုးမရှိတာတွေ လိုချင်တတ်ရင်

တန်ဖိုးမရှိတာတွေပဲ ရပြီး

ဘဝဟာ

တန်ဖိုးမဲ့သွားမှာအသေအချာပဲ


တန်ဖိုးရှိတာတွေ လိုချင်တတ်မှ

တန်ဖိုးရှိတာတွေရလို့

ဘဝကလည်း

တန်ဖိုးရှိလာနိုင်ပါတယ်


တန်ဖိုးရှိတာတွေဆိုတာက

ရုပ်ဝတ္ထုတွေ

ငွေတွေကို မဆိုလိုဘူး


လူ့ကျင့်ဝတ်တွေ

စိတ်ဓာတ်ကောင်းတွေ

စာနာတတ်ခြင်းတွေ

အတွေးအခေါ်တွေ

ငြိမ်းချမ်းမှုတွေ

လောကကိုချစ်ခင်ခြင်းတွေ

လူလူချင်းလေးစား တန်ဖိုးထားမှုတွေ

စသည်.......




San Zuren 🌸

5 comments:

  1. ဟုတ်ကဲ့
    တန်ဖိုးရှိတာတွေကို လိုချင်တတ်ဖို့ သင်ယူနေပါတယ်
    😍😍😍

    ReplyDelete

Thank you for being with us All Clicker Love you,