Monday, March 28, 2022

ဘဝလမ်းခရီး

 ဘဝလမ်းခရီး

-------------------



ဘဝဆိုတာ

ရေစက်ရှိလို့ ဆုံခဲ့ကြပြီး

ကံကုန်ရင် လမ်းခွဲကြရမယ်

ကံမကုန်သေးရင် ပြန်ဆုံတွေ့ဖြစ်ကြမယ်

 

နေရတဲ့ အချိန်လေးမှာ

ချစ်ခြင်းမုန်းခြင်းတွေအောက်မှာ

သိပ်ပြီးတော့လည်း လိုက်ခံစားမနေပါနဲ့

တွေ့ကြဆုံကြ ခဏလေးပါ


ကိုယ့်ကြောင့်လည်း 

သူတစ်ပါး စိတ်မဆင်းရဲစေနဲ့

သူတစ်ပါးကြောင့်လည်း

ကိုယ့်ကိုယ်ကို စိတ်ညစ်မခံပါနဲ့


ကိုယ့်ကိုယ်ကို အေးချမ်းစွာနေရင်း

ဘဝလမ်းခရီးကို 

အကောင်းမြင်တတ်တဲ့ မျက်လုံး

စာနာတတ်တဲ့ နှလုံးသား

ကူညီတတ်တဲ့ လက်တစ်စုံနဲ့

လျှောက်လှမ်းကြရအောင် ...




San Zuren 🌸

4 comments:

  1. ဖေးမလက်တွေနဲ့.
    ချစ်စရာစိတ်ထားရှိတာ
    ငါတို့ ကလစ်ကာတွေပါ
    ကလစ်ကာထဲက ကလစ်ကာ ကိုယ်တိုင်လဲ
    ကလစ်ကာတွေကို အတော်လေးစားပါတယ်❤👌

    ReplyDelete
  2. အိုခေပါ စံလေးရေ
    အရာရာကို အကောင်းမြင်စိတ်‌လေးနဲ့
    ဘဝကို အေးချမ်း ပျော်ရွှင်စွာ ဖြတ်သန်းကြမယ်

    ReplyDelete
  3. အကောင်းမြင်တတ်တဲ့မျက်လုံး စာနာတတ်တဲ့နှလုံးသားကူညီတတ်တဲ့လက်တစ်စုံနဲ့ ဘဝကိုလျှောက်လှမ်းရတာ တကယ်နှစ်လိုဖွယ်ကောင်းပါတယ်။💛

    ReplyDelete

Thank you for being with us All Clicker Love you,