Monday, March 14, 2022

 ဖက်ဆစ်စစ်တပ် အမြစ်ဖြတ် 

---------------------------------------


လာကြပါလေ

လူပင်လယ် ပန်းခင်းကြီး

အမှောင်ကမ္ဘာက ဖွင့်ထွက်

ခပ်ရဲရဲ  ပွင့်ကြရအောင် 

    

ဒီမိုကရေစီ  ဝေါဟာရ

ပွင့်သစ်ဖို့  စွန့်လွှတ်ကြပါစို့

       

ငါတို့ခေါင်းက  ထွက်တဲ့သွေး

အနာဂတ်ပန်းတွေ လန်းစေရေး

ဆွတ်ဖြန်းပေးမယ်

  

ငါတို့ ခန္ဓာရဲ့မြေဆွေး

တန်းတူအရေးအတွက်

ပေါင်းသင်ပေးမယ်


အဖျက်သမား

ဖက်ဆစ် မိစ္ဆာတပ်အား

ဟောဒီ ကမ္ဘာမြေပေါ်မှာ

အရှင်မထား  

    

တူတန်ရာ  အဝီစိငရဲ

တို့အားနဲ့  ပို့ကြရအောင်


ကျဆုံးရဲဘော် ပြည်သူတွေကို

တိုင်တည်လို့

ဖက်ဆစ် ကြေးစားတပ်ကို 

အဆုံးထိ သေတပန်ဆုံး

တိုက်ထုတ်ကြပါစို့




San Zuren 🌸

10 comments:

  1. အဆုံးထိတိုက်ထုတ်ကြပါစို့✊

    ReplyDelete
  2. အဆုံးထိ အတူတူ တိုက်ပွဲဝင်ကြမယ်
    ထောက်ပို့အတွက် ကလစ်ကြမယ်

    ReplyDelete
  3. မင်းမဲ့တိုင်းပြည် ဗာရာဏသီ
    -------------------------------------------------။

    "မြန်မာ"ဆိုကာ အမျိုးဂုဏ် မမောက်လေနဲ့
    "ပဂိုး"ဒဂုံ"အောက်အကြေ" နဲ့ "အညာတကျေး"မကျန်
    မွဲခွက်ခွက်လန်

    ပြောရော့ဟဲ့ ရွှေနိုင်ငံ
    "သောက်ပိုက်ဆံ" ဒို့မှာမရှိ

    မြန်မာအဘိဓါန်မှာ
    ဇာတိမာန် သွင်သွင်ကျိုးပါလို့
    ဟိုး- -အစ အချုပ်အခြာမြေမှာ
    "သူခိုး"ဓါးပြ"အယုတ်တမာ"တွေ
    "အစိုးရ"လုပ်ခါ နေသမျှ
    အချိုးကျ ယုတ်မာနေကြတာကြောင့်
    သေကြတာ လူတွေ မနည်းတော့ပါဘု - - -

    "ငရဲသာသာ"
    အသည်းနာစရာ မြန်မာပြေကလေး မှာဖြင့်
    "မွဲပြာပြာ"မြန်မာတွေသာ ရှိတော့တယ်
    "မင်း"ကောင်းမရှိ - - -

    #နိုင်မြန်မာ

    (ပဂိုး=ပဲခူး)

    ReplyDelete
  4. Like too much the poem👍👍👍
    Fighting👍👍👍

    ReplyDelete
  5. နာကျည်းမှုတွေကို ခွန်အားပြုရင်း ရှေ့ဆက်ကြမယ် ✊

    ReplyDelete
  6. များများ မလိုဘူး
    အယောက်ချင်းဆီက စာနာမှု
    နည်းနည်းစီ။

    ကျောကော့အောင် ပူတယ်ဆိုတဲ့
    ရင်ဘတ်ထဲက မီး
    အရှိန်ညီးညီး တောက်လောင်ကြ
    ငါတို့ လွတ်မြောက်မှ ဖြစ်မယ်။

    ၃၀၇ ရက်မြောက်
    သွေးမအေးတဲ့ ရွှေနွယ်သွေး
    တော်လှန်ရေး အားဆေးတစ်ခွက်

    အကြောပြိုင်းပြိုင်းထ သန်မာလက်တွေ
    ဇောအလှိုင်းလှိုင်းကြွ ရန်ငါပြတ်စေ
    တောအရိုင်းစိုင်းဓားပြ ကြမ္မာရက်ရှည်

    ဖဲ့ခြွေဖို့ ပြည်သူ့အား ကြိုးစားရုန်း
    အဆုံးထိသွားမယ့် တော်လှန်ရေး
    လေးစားတယ်။

    လေဆန် ထိုးဖောက် ခွန်အား အကြည့်
    သတ္တိဆိုတာ စာနာမှု။

    “တစ်ယောက်ချင်း အကုန်ဝိုင်းတွန်းကြရင်
    ပိတ်ထားတဲ့ တံခါးများပွင့်မှာပါ” ….

    ပြည်တွင်းဖြစ်
    ဖက်ဆစ်တော်လှန်ရေး မုချအောင်ရမယ်။
    #ဖက်ဒရယ်သည်သာ_ငါတို့ပန်းတိုင်။

    ReplyDelete

Thank you for being with us All Clicker Love you,