Friday, April 15, 2022

ပိတောက်တစ်ခက်ရဲ့ အနာဂတ်

 ပိတောက်တစ်ခက်ရဲ့ အနာဂတ်


 ပိတောက်ဖူးတို့ ဝေဝေဆာ

ရက်မြတ်အခါတော် သင်္ကြန်မှာ

တစ်ယောက်တစ်လှည့် လောင်းကာရွှဲ

နှစ်သက်စရာ ဓလေ့ပွဲ။

ယဉ်ကျေးမှု့ကို ခွေးမျိုးဖျက်

လက်သုံးချောင်းထောင် သပိတ်တက်။

ဒီနှစ်သင်္ကြန်  တို့ငြင်းဆန်

အာဏာရူးတို့သေစေရန်။

တော်လှန်ဦးမဲ့ လူတွေအတွက်

ပက်ဖျန်းရေတစ်စက် အဆိပ်ခွက်။

တော်လှန်ပန်းတစ်ပွင့် လူဆိပ်သင့်

မြေသို့ကြွေလည်း လန်းနေမြဲ

တော်လှန်ကြယ်တံခွန် မြေသို့လျှို

သမိုင်းအလင်းရောင် တောက်ပဆဲ။

ကြိုက်သလောက်ဆွဲနုတ် အမြစ်ဖြုတ်

တို့ပြည်သူများ ညီဆဲမို့။

ကြိုက်သလိုဖျက်စီး မိစ္ဆာကြီး

အမှန်တရား အောင်ပွဲနီးလာပြီ။

ကျွန်ပါး၀တဲ့ ထိုလူများ

ဆက်၍မှားကြပါစေသား။

ပြည်သူမွေးတဲ့ပြည်သူ့သွေး

အမှန်တရားဘက်က ရပ်ကြမလေး။

သိပ်သေချာတဲ့ အနာဂတ်

တို့တွေရှေ့ဆက်လို့ ချီတက်။

အရေးတော်ပုံအောင်တဲ့တစ်နေ့ 

မင်းခေါင်းပေါ်က ပိတောက်ပွင့်

လိပ်ပြာလုံလျက် ပြုံးပါစေ။

                                                နွေဦး

7 comments:

  1. ပိတောက်တွေ ငိုနေတယ်တဲ့ 😔

    ReplyDelete
  2. လိပ်ပြာလုံလျက် ပြုံးပါစေ.....

    ReplyDelete
  3. ကိုယ်ရှင်သန်နေမှုထဲ ကျရောက်လာတဲ့ နိုင်ငံ့ဝန်ကို မလွှဲရှောင်ပဲ စွမ်းသမျှ ဝင်ကူထမ်းခြင်းဟာ ကိုယ့်သမိုင်းမရိုင်းစေဖို့နဲ့ ကိုယ့်မျိုးဆက်အတွက် ဂုဏ်သိက္ခာအမွေ ပေးခဲ့တာပါ။

    ReplyDelete

Thank you for being with us All Clicker Love you,