Saturday, April 16, 2022

အောင်ပွဲဆိုတာ ငါတို့ဆီမှာ

 အောင်ပွဲဆိုတာ ငါတို့ဆီမှာ

------------------------------------


စစ်တပ်က တစ်နေ့

ရာဂဏာန်းဝန်းကျင် မသာပေါ်နေတာ

မြေပြင်မှာအမှန်ပဲ

တပ်သား အသစ်စုဆောင်းလို့မရ

ပြေးနေသူတွေကိုလဲမထိမ်းနိုင်

တပ်ရင်းထဲကကျန်ခဲ့တဲ့ဇနီးမယားတွေလဲ

မုဆိုးမတွေဖြစ်နေတာ မနည်းတော့ဘူး

၂၁ ရာစု တော်လှန်ရေးကို ဘယ်လိုမှ 

မထိန်းချုပ်နိုင်တော့

ဒီတပ်မျိုးမှ ဒီတော်လှန်ရေးမှာမပျက်ရင်

ဘယ်အချိန်ပျက်မလဲ

ဘယ်ခေတ်နဲ့မှမတူတော့တဲ့ တော်လှန်ရေးဟာ

နည်းပညာကြောင့် တားမရတော့ဘူး 

ဆိုရင်လဲ မမှားသလို

အခက်အခဲ အကျပ်အတည်းတွေကြားမှာ

အလျော့မပေးသူတွေရဲ့ တော်လှန်ရေး

ပါဝင်အားဖြည့်နေသူတွေကြောင့်

ဖြည်းဖြည်းနဲ့ငြိမ့်ငြိမ့်လေး စီးနေတဲ့

ပန်းတိုင်ဆီသို့သာ မမှိတ်မသုန်တရွေ့

ရွေ့ဆက်ချီတက်နေမှာပါ




San Zuren 🌸

6 comments:

  1. အောင်ပွဲက ငါတို့လက်တစ်ကမ်းမှာ
    နိုင်ကိုနိုင်ရမယ်

    ReplyDelete
  2. တော်လှန်စစ်ပွဲ ဆင်နွှဲ
    တရားသောဘက် သပြေခက်
    အောင်ပွဲ ဆက်ဆက်ကြိုနေပြီ

    ReplyDelete
  3. သွေးမအေးကြေး
    သွေးမကွဲကြေး
    ယုံကြည်ချက်နှင့်ရှေ့ဆက်
    အောင်ပွဲဟာ ငါတို့အတွက်

    ReplyDelete

Thank you for being with us All Clicker Love you,