Wednesday, April 20, 2022

ကဗျာနေ့များ ရှိပါစ

 ကဗျာနေ့များ ရှိပါစ


အာဏာကိုရခဲ့ဖူးတော့ အာဏာ

ကဗျာကိုရခဲ့ဖူးတော့ ကဗျာ

မက်ကြမှာပါပဲ နေ့တွေထဲ။


ဘာမှမရခဲ့ဘူးသူ တိုင်းသူပြည်သားများ ခင်ဗျာ

လွမ်းရသူ တစ်ယောက် ရှိပါစ

မိသားစုလို 

လူသားအဖြစ်လို 

အချစ်တစ်ခုလို

လွမ်းမောဖွယ်တစ်ခုခု ရှိပါစ။


တိုင်းပြည်တစ်ခု ရှိပါစ။


-မြတ်ဝေ-

10 comments:

  1. ယုံကြည်ချက်တွေ ထမ်းပိုးရင်း ဆက်လျှောက်ဆဲ 🥰🥰

    ReplyDelete
  2. ပန်းတိုင်ကို ရောက်ရမယ်ဆိုတဲ့စိတ်နဲ့လျှောက်ရင်
    ရောက်ရတာပါ။ စိတ်ညွတ်ဖို့ အဓိက။

    ReplyDelete
  3. တစ်ခါ‌တစ်လေတော့လည်းတော်တော်လေးတော့စိတ်တင်းပြီးဝင်ရတဲ့အချိန်တွေရှိတယ် ဒါပေမယ့်ဒုက္ခရောက်နေတဲ့သားချင်းတွေကိုတွေးမိတော့��အားပြန်တင်းရင်း ����

    ReplyDelete
  4. ပန်းတိုင်ရောက်အောင်သွားမယ် စိတ်ပိုင်းဖြတ်ထားရင်၊ ရောက်သွားတာပါပဲ။ စိတ်ညွတ်ဖို့ အဓိကပါ။ 💕

    ReplyDelete

Thank you for being with us All Clicker Love you,