Wednesday, April 13, 2022

 သင်္ကြန်ပျောက်တဲ့နွေ

🌾🌾🌾🌾🌾🌾🌾


အို...

အမိမြန်မာပြည်

လူစိတ်ပျောက် အသိဉာဏ်ပျောက်

တိရစ္ဆာန်စိတ်ပေါက်တဲ့သူတွေကြောင့်

တချို့တွေ အသက်ပျောက်

တချို့တွေ အနာဂတ်ပျောက်

တချို့တွေ မိဘတွေပျောက်

တချို့တွေ သားသမီးတွေ

တချို့တွေ အိုးပျောက်အိမ်ပျောက်

အို...

အမိမြန်မာပြည်လဲ

သင်္ကြန်ပျောက်နေခဲ့ပါရောလား



San Zuren 🌸

11 comments:

  1. တိုင်းပြည်အတွက်
    အနာဂတ်နိုင်ငံတော်သစ် မ‌ပြောက်ဖို့
    တော်လှန်ရေး ပြည်သူအားလုံး ပူးပေါင်းပါဝင်ကြ။

    ReplyDelete
  2. အေရးေတာ်ပုံေအာင်ရမည်🌹

    ReplyDelete
  3. အာဏာရှင်တစု မျိုးပြုတ်ဖို့

    တော်‌လှန်သင်္ကြန်မှာ Clickကြစို့။

    ReplyDelete
  4. San Zuren 🌸 ရဲ့စာလေးတွေအများကြီးဖတ်ရတယ်
    စာရေးကောင်းပီးတော်လိုက်တာ

    ReplyDelete

Thank you for being with us All Clicker Love you,