Thursday, April 28, 2022

နာရီဟာထောင်မချီပေမယ့်အလွမ်းကစက္ကန့်ချက်ပေါင်းများစွာနဲ့လေ

၂၄နာရီမှာ တရက်တဲ့ချစ်သူရယ်....ငါ့အတွက်တော့တကမ္ဘာ ဝေးကြာတယ်..။


ဆုံစည်းနိုင်မှာမဟုတ်ဘူးတဲ့လေ....

ကံကြမ္မာက ငါ့ကိုအဲ့လိုဖြေတယ် 

မင်းကိုချစ်တယ်လို့

ပြောမလို့ပြင်နေစဉ်မှာပဲ မင်းရဲ့နှလုံးသားက ငါ့ကိုလက်ဝါးကာပြတယ်၊ ဪ.........လို့ပဲ ငါရေရွတ်လိုက်မိတယ်။ 


ရေစက်ဆိုတာ တစ်ဘဝမဆုံပေမယ့် နောက်ဘဝဆုံချင်ဆုံတတ်တာပဲတဲ့..၊ထူးထူးခြားခြားတော့မဟုတ်ပေမယ့် ဟုတ်လားလို့ပဲ ပြန်ဖြေမိတယ်

မျှော်လင့်ရတာပါပဲချစ်သူရယ်......။


ပြန်မချစ်နိုင်ရင်နေပါ ငါ့ကိုစွန့်ပစ်မသွားဖို့တော့တောင်းဆိုချင်တယ်မင်းလေးရယ်...။

မင်းငါ့အနားရှိနေပေးနိုင်ရင်ပဲတော်ပါပြီ၊

ငါဖြေသိမ့်ရတယ်။


'အများကြီးမဟုတ်တောင်နည်းနည်းလောက်များ ပြန်ချစ်ပေးနိုင်မလား' ငါအဲ့လိုပြောနေစဉ်မှာပဲ

အိမ်မက်ကလန့်နိုးလာတယ်၊ အပြင်လောကတနေရာမှာတော့ မင်းကငါ့ကိုလက်ခါပြ‌နေဆဲလေ။


မချစ်ရင်လည်းနေပါစေတော့. မင်းကောင်းမွန်စွာရှိနေပေးရင်ပဲ ငါကျေနပ်ပါပြီချစ်သူ၊ သေချာပါတယ်လေ မင်းငါ့ကိုပြန်မချစ်နိုင်ရင် အနည်းဆုံးတော့ ငါအသက်ရှင်နိုင်ရသေးတယ် မင်းမရှိရင်တော့ ငါဘယ်လိုများနေရမလဲ၊ တွေးရင်းတွေးရင်းနဲ့ငါ့ပါးပြင်ပေါ်မှာ မျက်ရည်စက်များစွာ..........။


အလွမ်းနှင်းမှုန်မှုန်တို့က သိပ်သည်းစွာကျနေဆဲ....

ကောင်းကင်ပြင်တနေရာဝယ်တော့ လမင်းဟာ တိမ်အုပ်ကြားထဲမှာ မျက်နှာ‌ေလးညိုတိုတိုနဲ့ ပျောက်ကွယ်သွားရလေရဲ့........…..။


                                                       LON

2 comments:

  1. အချစ်စစ် အချစ်မှန်နဲ့ ချစ်တတ်တဲ့ချစ်သူတိုင်း
    ပျော်ရွှင်စွာ ပေါင်းဖက်နိုင်ပါစေ ❤️❤️❤️

    ReplyDelete
    Replies
    1. ဘယ်လိုလုပ် Anonymous ဖြစ်သွားလဲမသိ
      ကိုယ်ရေးထားတဲ့ မန့်လားလို့ 😁😁😁

      Delete

Thank you for being with us All Clicker Love you,