Sunday, January 16, 2022

"မုန်းရင် ရှုံးတယ်"


 "မုန်းရင် ရှုံးတယ်"



ဘာလို့မုန်းနေမှာလဲ...?


အကြောင်းရှိလို့ဖြစ်ဖြစ်

အကြောင်းမရှိဘဲဖြစ်ဖြစ်

မုန်း ရင် ရှုံးတယ်


မုန်းတယ်ဆိုတာ အပူပဲ

ကိုယ့်စိတ်ကိုကိုယ် မီးမြှိုက်တာ

မုန်းလို့ အကျိုးထူးတာလည်း

လောကမှာမရှိပါဘူး

အကျိုးယုတ်တာပဲရှိတယ်

မုန်းရင် ရှုံးတာပဲ


မုန်းတဲ့စိတ်ဟာ ဘယ်တော့မှလည်း

မလွတ်လပ်ဘူး

ကိုယ့်စိတ်ကို အကျဥ်းချတဲ့ နည်းဟာ မုန်းခြင်းပဲ


လွတ်လပ်ချင်ရင် အေးချမ်းချင်ရင်

မချစ်နိုင်ရင်တောင် ဥပေက္ခာပြုလိုက်ပါ

မမုန်းနဲ့

ကိုယ့်စိတ်ဟာ ပူပူလောင်လောင်ကြီး

အကျဥ်းကျနေမယ့် အလုပ် မလုပ်ပါနဲ့


မုန်းရင် ရှုံးတယ်




San Zuren 🌸

5 comments:

Thank you for being with us All Clicker Love you,