Wednesday, January 26, 2022

အမှန်တရားတိုက်ပွဲ

အမှန်တရားတိုက်ပွဲ



ကျယ်လောင်တဲ့အသံတွေ

တတိုင်းပြည်လုံး မြည်ဟည်းလိုက်တာ

အားရ ကျေနပ်ဖွယ်ရာ


ဒီတခါ တိုက်ပွဲက

အမှန်တရား တိုက်ပွဲ

ဥပဒေတစ်ရပ်အတွက် တိုက်ပွဲ...


အမှန်တရားဆိုတာ ပေါ်လာစမြဲ

ဒါပေမယ့်  " မြန်မာနိုင်ငံ "  မပါ


အမှန်တရားကွယ်ဖျောက်တဲ့ ဥပဒေကြားထဲမှာ

ပျောက်ဆုံးသွားသော အမှန်တရားများစွာ

အမှန်တရား ဟာ သူကိုယ်တိုင် အသတ်ခံနေရ

သူကိုယ်တိုင် လွတ်မြောက်ဖို့ ကြိုးစားနေရ


ဒီတခါ

အမှန်တရား မလာရင်

မရောက်ရာက်အောင် သွားမယ့်ခြေလှမ်းတွေ

သန်မာတယ် ဆိုတာထက် ပိုပါတယ်....



San Zuren 🌸

15 comments:

  1. အိုခေ မရောက်ရောက်အောင်သွားမယ်
    🤜🤛🤜🤛🤜🤛

    ReplyDelete
  2. အမှန်တရားကို စုပေါင်းအားနဲ့ရှာကြမယ်👍

    ReplyDelete
  3. အမှန်တရားကိုရဖို့ အဆုံးထိတိုက်မယ်

    ReplyDelete
  4. 💜💜💜💪🏻💪🏻💪🏻

    ReplyDelete

Thank you for being with us All Clicker Love you,