Wednesday, January 26, 2022

ရင်ကွဲလွင်ပြင်

ရင်ကွဲလွင်ပြင်



လွမ်းစရာ ကောင်းတဲ့ခေတ်ကို

သေနတ်နဲ့ ပစ်ခဲ့ကြတယ်


မြို့တစ်မြို့ကို ဖြတ်တိုင်း

ကျန်ခဲ့တဲ့ မြို့တစ်မြို့ဆီက 

အော်သံတွေကို ပြန်ကြားယူနေရတယ်


တစ္ဆေတွေ နဲ့ နေရောင်ခြည်ကို

အပြိုင်လုနေရတယ်

ဒဏ်ရ‌နေသူ‌တွေလဲ

အံကြိတ်ပီး ရှေ့ဆက်‌နေခဲ့ကြတယ်


ဘယ်အာရုံတွေဖွင့်ထားရမလဲ

ဘယ်အာရုံတွေကို ပိတ်ပစ်ရမလဲ 

နှင်းစက်ခါးခါးတွေထဲ 

ရည်ရွယ်ချက်ရှိရှိ အဆိပ်ခပ်ထားတယ်

ငါ ကိုယ်တိုင်လဲ

အဆိပ်တွေမိနေတယ်


မုန်တိုင်းတခုဆီကို ရောက်တိုင်း

ကျန်ရစ်ခဲ့တဲ့ မုန်တိုင်းဆီက

မချိမဆန့်မျက်နှာတွေ ပြန်မြင်‌ယောင်နေမိတယ်


အလောင်းတွေ ပြန်သယ်ခွင့်မရသလို

စပါးစိုက်ခင်းတွေလဲ ရိတ်သိမ်းခွင့်မရ

ပြည်သူတွေလဲ အိုးအိမ်မဲ့ရတယ်


နှလုံးသားနဲ့  နာကျည်းကြရဦးမယ်

အသက်တွေနဲ့ ရင်းကြရဦးမယ်


ရင်ကွဲစရာလွင်ပြင်များ တဲ့ လား




San Zuren 🌸

11 comments:

Thank you for being with us All Clicker Love you,