ရင်ကွဲလွင်ပြင်
လွမ်းစရာ ကောင်းတဲ့ခေတ်ကို
သေနတ်နဲ့ ပစ်ခဲ့ကြတယ်
မြို့တစ်မြို့ကို ဖြတ်တိုင်း
ကျန်ခဲ့တဲ့ မြို့တစ်မြို့ဆီက
အော်သံတွေကို ပြန်ကြားယူနေရတယ်
တစ္ဆေတွေ နဲ့ နေရောင်ခြည်ကို
အပြိုင်လုနေရတယ်
ဒဏ်ရနေသူတွေလဲ
အံကြိတ်ပီး ရှေ့ဆက်နေခဲ့ကြတယ်
ဘယ်အာရုံတွေဖွင့်ထားရမလဲ
ဘယ်အာရုံတွေကို ပိတ်ပစ်ရမလဲ
နှင်းစက်ခါးခါးတွေထဲ
ရည်ရွယ်ချက်ရှိရှိ အဆိပ်ခပ်ထားတယ်
ငါ ကိုယ်တိုင်လဲ
အဆိပ်တွေမိနေတယ်
မုန်တိုင်းတခုဆီကို ရောက်တိုင်း
ကျန်ရစ်ခဲ့တဲ့ မုန်တိုင်းဆီက
မချိမဆန့်မျက်နှာတွေ ပြန်မြင်ယောင်နေမိတယ်
အလောင်းတွေ ပြန်သယ်ခွင့်မရသလို
စပါးစိုက်ခင်းတွေလဲ ရိတ်သိမ်းခွင့်မရ
ပြည်သူတွေလဲ အိုးအိမ်မဲ့ရတယ်
နှလုံးသားနဲ့ နာကျည်းကြရဦးမယ်
အသက်တွေနဲ့ ရင်းကြရဦးမယ်
ဪ
ရင်ကွဲစရာလွင်ပြင်များ တဲ့ လား
San Zuren 🌸
Click with love 💕
ReplyDelete🍀🍀🍀🍀🍀
🍀🍀🍀🍀🍀
Delete😔
ReplyDeleteရင်ကွဲလွင်ပြင်
ReplyDeleteNever underestimate our enemy but no need to afraid
ReplyDeleteBe safe and strong
Let's we ahead 💪💪
ReplyDeletestay strong pls..
ReplyDeleteမြန်မာပြည်ကြီး ငြိမ်းချမ်းဖို့အတွက်
ReplyDeleteကြိုးစားကလစ်ကြစို့နော်
let click together
ReplyDeleteC4Kachin
ReplyDeleteDone ပါ ❤️💪❤️
ReplyDelete