Saturday, January 22, 2022

လွမ်းဆွတ်ခြင်းစာမျက်နှာများ

လွမ်းဆွတ်ခြင်းစာမျက်နှာများ


ကဗျာဆရာတွေများ.......

စကားလုံးတွေ  အကုန်သုံးပစ်လိုက်ကြတာဆိုတာ

ငါ့ခံစားချက်ကိုဖော်ပြဖို့   

စကားလုံးတောင်မကျန်ခဲ့တော့

စာမဲ့ကဗျာများလည်း

ထင်ရှားအမှန်ရှိခဲ့ပြီ

ချစ်ရသူတွေမရှိတော့ရင်

ဘဝဆိုတာ   ဗလာသက်သက်ထက်မပိုခဲ့ပြီ

မကုန်ဆုံးနိုင်ခဲ့တဲ့နွေဦးက

နှင်းမှုန်မြူခိုးလေးတွေမြင်ရဖို့ခက်နေရှာတယ်။

လူတွေကလည်း သောကမီးတွေနဲ့

မနောစိတ်နှလုံး  ရွှင်ပြုံးစရာမရှိကြခဲ့

မလှမပလက်ရေးလေးနဲ့   ဒီလက်ရေးမူ

သူမြင်ပါစေလေ

ဖော်ပြတတ်ဖို့ခက်ပါပေ  ဤခံစားချက်တွေ

အလွမ်းနဲ့ဖြည့်ထားသောစာမျက်နှာတွေ

ဤနွေဦးလည်း

လှပါစွာပဲ  ဆုံးနိုင်ပါစေ....။


                                         Tommy

No comments:

Post a Comment

Thank you for being with us All Clicker Love you,