ခွန်အားစာ
စစ်ချီတေးတွေကိုလည်း မရေးစပ်ခဲ့ဖူးပါဘူး
ဓမ္မတေးတွေကိုလည်း မစပ်ဆိုခဲ့ဖူးပါဘူး
သေနတ်သံတွေကြားက ဆုတောင်းသံတွေအတွက်
လူသားချင်းစာနာမှုဆိုတာ
ကုန်းကောက်စရာတောင် မရှိလောက်အောင်
ရှားပါးလှတဲ့ ခေတ်ပျက်ကြီးထဲမှာ
အားငယ်သူ ကူပေးဖို့
သတ္တိကော်တရာ မရှိခဲ့လေရာ
လဲနေသူ ထူပေးဖို့
ခွန်အား အလျဉ်းပျက်ခြင်းမရှိ
ဆောင်းတွင်းအအေးဒဏ် ယှဉ်ပြိုင်ကာအံတုရင်း
အားပေးသောစာ ဒိုင်းကာပမာဖြစ်ရပါစေ
ရန်ဟူသမျှခွင်းမယ့် မြှားတစ်စင်းဖြစ်ရပါစေ
နာကြည်းမှုကနေအစတည်တဲ့
နာကျင်မှုတွေဟာ ဒီခရီးမှာအဆိပ်ပင်ဖြစ်လာခဲ့ရင်
ဖယ်ရှားပစ်ဖို့ အက်ဆစ်တစ်ခုဖြစ်ပါရစေ
ဆူးညှောင့်ကန်သင်း ရှင်းလင်းဖို့ရာ
အသွားထက်သော ဓားတစ်လက်တော့ဖြစ်ခွင့်ပြုပါ
တော်လှန်ရဲဘော်.....
ThaeNu
ကျေးဇူးပါ ခွန်အားစာဆိုတဲ့အတိုင်းရဲဘော်တွေတွက်ခွန်အားတွေအများကြီးဖြစ်စေ မယ်ဆိုတာယုံကြည်ပါတယ် အားလုံးပဲဖိုက်တင်းပါ💪🏻💪🏻💪🏻
ReplyDeleteDone ✅
ReplyDeleteသေးငယ်တဲ့ ပါဝင်အားဖြည့်မှုလေးဖြစ်ပေမဲ့ အထောက်ပံ့လေးဖြစ်ပါရစေ
ReplyDeleteဓါးတလက်ဖြစ်ပါစေ
ReplyDeleteနှိပ်ပြီးပါပြီ....
ReplyDeleteOkey,done
ReplyDeleteFight for freedom from coup group👍👍👍
ReplyDeleteခွန်အား ဖြစ်ကြပါစေဗျာ
ReplyDelete