Saturday, January 22, 2022

ခွန်အားစာ

 ခွန်အားစာ


စစ်ချီတေးတွေကိုလည်း  မရေးစပ်ခဲ့ဖူးပါဘူး

ဓမ္မတေးတွေကိုလည်း      မစပ်ဆိုခဲ့ဖူးပါဘူး

သေနတ်သံတွေကြားက   ဆုတောင်းသံတွေအတွက်

လူသားချင်းစာနာမှုဆိုတာ  

ကုန်းကောက်စရာတောင် မရှိလောက်အောင်

ရှားပါးလှတဲ့   ခေတ်ပျက်ကြီးထဲမှာ

အားငယ်သူ  ကူပေးဖို့

သတ္တိကော်တရာ  မရှိခဲ့လေရာ

လဲနေသူ   ထူပေးဖို့

ခွန်အား  အလျဉ်းပျက်ခြင်းမရှိ

ဆောင်းတွင်းအအေးဒဏ် ယှဉ်ပြိုင်ကာအံတုရင်း

အားပေးသောစာ  ဒိုင်းကာပမာဖြစ်ရပါစေ

ရန်ဟူသမျှခွင်းမယ့်  မြှားတစ်စင်းဖြစ်ရပါစေ

နာကြည်းမှုကနေအစတည်တဲ့  

နာကျင်မှုတွေဟာ ဒီခရီးမှာအဆိပ်ပင်ဖြစ်လာခဲ့ရင်

ဖယ်ရှားပစ်ဖို့  အက်ဆစ်တစ်ခုဖြစ်ပါရစေ

ဆူးညှောင့်ကန်သင်း  ရှင်းလင်းဖို့ရာ  

အသွားထက်သော ဓားတစ်လက်တော့ဖြစ်ခွင့်ပြုပါ

တော်လှန်ရဲဘော်.....


                                           ThaeNu

8 comments:

  1. ကျေးဇူးပါ ခွန်အားစာဆိုတဲ့အတိုင်းရဲဘော်တွေတွက်ခွန်အားတွေအများကြီးဖြစ်စေ​ မယ်ဆိုတာယုံကြည်ပါတယ် အားလုံးပဲဖိုက်တင်းပါ💪🏻💪🏻💪🏻

    ReplyDelete
  2. သေးငယ်တဲ့ ပါဝင်အားဖြည့်မှုလေးဖြစ်ပေမဲ့ အထောက်ပံ့လေးဖြစ်ပါရစေ

    ReplyDelete
  3. ဓါးတလက်ဖြစ်ပါ​စေ

    ReplyDelete
  4. နှိပ်ပြီးပါပြီ....

    ReplyDelete
  5. Fight for freedom from coup group👍👍👍

    ReplyDelete
  6. ခွန်အား ဖြစ်ကြပါစေဗျာ

    ReplyDelete

Thank you for being with us All Clicker Love you,