ပဲ့ကြွေကဗျာရှည်
(၂)
ငါ့အရွယ်တွေ ဆေးလိပ်လေးခဲပြီး လမ်းမထက်မှာ
ငါဟာ အာရုံဝင်စားမနေခဲ့ သူတို့ပြောနေတဲ့ မိန်းမတွေနဲ့ အညစ်အပတ်များစွာကို
ငါက တစ်ကောင်ထဲ ကွက်လို့
ခွေးဖြစ်မယ့် လမ်းလိုက်
ကဗျာရေးလိုက် စာရေးလိုက်
ငေးချင်ရာငေး တွေးချင်ရာတွေးမိလိုက်
ဪ ငါတယ်မိုက်တဲ့သားဖြစ်ခဲ့သကိုး
ကျောင်းကို ဘာလုပ်ဖို့ တက်နေမှန်းမသိ
စာဆိုတာ သတိတောင်မထားမိချင်
ကျုရှင်မှာ စာပြန်လုပ်
မကျရုံတမယ်လေးပဲ အားထုတ်ခဲ့တဲ့ငါ
အဖေအမေတွေမြင်ချင်တဲ့ ဆုပေးပွဲစင်မြင့်ထက်က
ငါ့အတွက်မြင့်လှပါလား
ပိုက်ဆံရှိသူများ လှေကားထစ်ထိုးပေးနိုင်တာ
ငါမသိလိုက်တာ သိပ်နာတယ်ကွာ
ပုံပြင်တွေ သိပ်ပြောတဲ့ ဒို့သမိုင်းစာအုပ်ကိုကျက်
အပြင်မှာ ထောင်ထဲ တိတ်တဆိတ်ကြိတ်ထည့်ခံရတဲ့ ယောက်ယက်ခတ် ရွှေဝါရောင် အရေးမှာ
ငါက ကလေးသာသာနဲ့ ဘာမှမသိ
ဂျင်း(ချင်း)တွေ တစ်ထစ်ပြီးတစ်ထစ်ပါးစပ်ထဲ ပစ်ထည့်ကာ
အရာရာ ပျော်စရာပဲ မှတ်ထိုက်နေတုန်း
��too
ReplyDeleteClick with love 💕
ReplyDelete🍀🍀🍀🍀🍀
🍀🍀🍀🍀🍀
DeleteDone
ReplyDeleteဂျင်းအမျိုးမျိုးကျွေးခံရတဲ့ခေတ်
ReplyDeleteLet's click together for our freedom....
ReplyDeleteFighting together 💪
ReplyDelete😿😿😿
ReplyDeleteနှိပ်ပြီးပါဗြီ....
ReplyDelete💕💕💕💕💕
ReplyDeleteငါတို့ နိုင်ကို နိုင်ရမယ်.....
ReplyDeleteDone
ReplyDelete