Monday, March 28, 2022

ချေသော်...မကြေ


 ချေသော်...မကြေ

--------------------------


စီးဆင်းပါစေ မသုတ်ဘူး

ဒီမျက်ရည်တွေ သွေးကြွေးမှာ

သမိုင်းသစ်နဲ့   ဆပ်ရမယ်လေ


မှိုင်းအသွင် ငြိမ်းချမ်းရေးမရစေရ

ငါတို့ဟာ ကယောင်ကတန်းမဟုတ်

အမှန်တမ်းပုန်ကန်တာ  ပြည်သူ့အရေး


ရင်နဲ့အမျှ  စီးကျတဲ့မျက်ရည်

အံကြိတ်ပြီး  ဆုပ်ထားတဲ့လက်တွေ

စစ်မိစ္ဆာတွေ စစ်ခုံရုံးမတင်နိုင်သ၍

ဒို့မဖြည်...


ကမ္ဘာကြေ ကြေကြေနိုင်ဦးတော့

ဒို့အတွက်...

ချေသော်လည်းမကြေ 




San Zuren 🌸

6 comments:

Thank you for being with us All Clicker Love you,