တော်လှန်ရေးသမား
ဒဏ်ရာဗရပွနဲ့ အသက်မဲ့ခန္ဓာကိုယ်ပမာ
မလှုပ်မယှက်ငြိမ်လျက်သား
မေးခွန်းသံတွေ ထပ်တလဲလဲကြားက
ငါထပ်ဖြေမိပြန်တယ်
မင်းကဘာကောင်လဲ....
နာကျင်မှုတွေကို အံတုတင်းခံရင်း
ခေါင်းကိုမော့ မျက်နှာကိုစေ့စေ့ကြည့်ပြီး
ငါထပ်ဖြေမိပြန်တယ်
ငါကတော်လှန်ရေးသမား....
ခန္ဓာကိုယ်အနှံ့ ကျရောက်လာမယ့်
နာကျင်မှုတွေကိုလည်း ငါမကြောက်တော့ဘူး
ဒါအမှန်တရားပဲ....
ငါတို့ဟာ မုဆိုးရှေ့ ပြားပြားဝပ်
တုန်နေအောင် ကြောက်မယ့်
ယုန်သူငယ်မဟုတ်ဘူး
အမှန်တရားအတွက် အသက်ကို
လောင်းကြေးထပ် တိုက်ပွဲဝင်နေတဲ့
တော်လှန်ရေးသမားတွေကွ....
ThaeNu
Click with love 💕
ReplyDelete🍀🍀🍀🍀🍀
done
ReplyDeleteFight For Freedom.🌹
ReplyDeleteDone 🍀
ReplyDeleteFighting together
ReplyDeleteခက်ခဲမယ် ကြမ်းတမ်းမယ်
ReplyDeleteပြည်သူတွေက အနာဂတ်နိုင်ငံတော်သစ်
ဖက်ဒရယ် ဒီမိုကရေစီအတွက်
သက်စွန့်ကြိုးပမ်းနေကြတယ်။
တနေ့ တိုင်းရင်းသားဒေသတွေ ကိုယ်ပိုင်အုပ်ချုပ်ပြီး
ဖွံ့ဖြိုးတိုးတက် လူဂုဏ်သိက္ခာနဲ့အညီ
သားစဉ်မြေးဆက် ရှင်သန်နေထိုင်ဖို့ 💕
ပြည်တော်သစ်ဆီ💪💪💪
ReplyDeleteအားတင်းထားပါ အောင်ကိုအောင်ရမည်
ReplyDelete* ဒီတစ်ခုတည်းပဲထိန်းထားပေးပါ
ReplyDelete• ပညာရေးလည်း ပျက်စီးသွားပြီ။
• ကျန်းမာရေးလည်း ပျက်စီးသွားပြီ။
• စီးပွားရေးလည်း ပျက်စီးသွားပြီ။
• လူမှုရေးလည်း ပျက်စီးသွားပြီ။
• အချိုတွေဆိုဘဝတွေပါ ပျက်စီးသွားပြီ
တစ်ခုဘဲရှိတယ်
အာဏာရှင်ကို တော်လှန်မဲ့စိတ်တော့
ဘယ်တော့မှ မပျက်စီးစေနဲ့။
-မင်းလက်သီး
# နာကျင်မှုတွေကို အံတုတင်းခံရင်း
ReplyDelete# ခေါင်းကိုမော့ မျက်နှာကိုစေ့စေ့ကြည့်ပြီး
# ငါထပ်ဖြေမိပြန်တယ်
# ငါကတော်လှန်ရေးသမား ....