Sunday, April 10, 2022

တော်လှန်ရေးသမား


တော်လှန်ရေးသမား


ဒဏ်ရာဗရပွနဲ့ အသက်မဲ့ခန္ဓာကိုယ်ပမာ

မလှုပ်မယှက်ငြိမ်လျက်သား

မေးခွန်းသံတွေ ထပ်တလဲလဲကြားက

ငါထပ်ဖြေမိပြန်တယ်

မင်းကဘာကောင်လဲ....

နာကျင်မှုတွေကို အံတုတင်းခံရင်း

ခေါင်းကိုမော့  မျက်နှာကိုစေ့စေ့ကြည့်ပြီး

ငါထပ်ဖြေမိပြန်တယ်

ငါကတော်လှန်ရေးသမား....

ခန္ဓာကိုယ်အနှံ့  ကျရောက်လာမယ့်

နာကျင်မှုတွေကိုလည်း  ငါမကြောက်တော့ဘူး

ဒါအမှန်တရားပဲ....

ငါတို့ဟာ မုဆိုးရှေ့  ပြားပြားဝပ်

တုန်နေအောင် ကြောက်မယ့် 

ယုန်သူငယ်မဟုတ်ဘူး

အမှန်တရားအတွက် အသက်ကို

လောင်းကြေးထပ်  တိုက်ပွဲဝင်နေတဲ့   

တော်လှန်ရေးသမားတွေကွ....


                                         ThaeNu

10 comments:

  1. ခက်ခဲမယ် ကြမ်းတမ်းမယ်
    ပြည်သူတွေက အနာဂတ်နိုင်ငံတော်သစ်
    ဖက်ဒရယ် ဒီမိုကရေစီအတွက်
    သက်စွန့်ကြိုးပမ်းနေကြတယ်။
    တနေ့ တိုင်းရင်းသားဒေသတွေ ကိုယ်ပိုင်အုပ်ချုပ်ပြီး
    ဖွံ့ဖြိုးတိုးတက် လူဂုဏ်သိက္ခာနဲ့အညီ
    သားစဉ်မြေးဆက် ရှင်သန်နေထိုင်ဖို့ 💕

    ReplyDelete
  2. ပြည်တော်သစ်ဆီ💪💪💪

    ReplyDelete
  3. အားတင်းထားပါ အောင်ကိုအောင်ရမည်

    ReplyDelete
  4. * ဒီတစ်ခုတည်းပဲထိန်းထားပေးပါ

    • ပညာရေးလည်း ပျက်စီးသွားပြီ။
    • ကျန်းမာရေးလည်း ပျက်စီးသွားပြီ။
    • စီးပွားရေးလည်း ပျက်စီးသွားပြီ။
    • လူမှုရေးလည်း ပျက်စီးသွားပြီ။
    • အချိုတွေဆိုဘဝတွေပါ ပျက်စီးသွားပြီ

    တစ်ခုဘဲရှိတယ်
    အာဏာရှင်ကို တော်လှန်မဲ့စိတ်တော့
    ဘယ်တော့မှ မပျက်စီးစေနဲ့။

    -မင်းလက်သီး

    ReplyDelete
  5. # နာကျင်မှုတွေကို အံတုတင်းခံရင်း
    # ခေါင်းကိုမော့ မျက်နှာကိုစေ့စေ့ကြည့်ပြီး
    # ငါထပ်ဖြေမိပြန်တယ်
    # ငါကတော်လှန်ရေးသမား ....

    ReplyDelete

Thank you for being with us All Clicker Love you,