Wednesday, April 13, 2022

သင်္ကြန်ဆုတောင်း


 သင်္ကြန်ဆုတောင်း

🌾🌾🌾🌾🌾🌾🌾


အရပ်ဆယ်မျက်နှာ အေးချမ်းကြပါစေ


ပိတောက်လည်း မွှေးပါစေ

ရှမ်းမြောက်လည်း အေးပါစေ


ပြည်သူလူထု ငြိမ်းချမ်းပါစေ

ကယားကရင် အောင်မြင်ပါစေ


မဏ္ဍိုင်စည်တီး မြည်သံဟီးလို့

စစ်ကိုင်းတိုင်းကြီး ကျည်ဆံငြိမ်းစေ


ရှစ်ခွင်တိုင်းမှာ မေတ္တာလှိုင်း

အတာသင်္ကြန်ရေအေးအေး

မြန်မာပြည်တခွင်

ပက်ဖြန်းနိုင်ကြပါစေလေ




San Zuren 🌸

7 comments:

  1. ဓမ္မဘက်တော်သားများ ရေလိုအေးပြီး ပန်းလိုမွှေးကြပါစေ ဘေးရန်ကင်းရှင်းကြပါစေ

    ReplyDelete
  2. " သင်္ကြန်ဆုတောင်း "

    ပိတောက်တွေလည်း မွှေးကြပါစေ

    သင်္ကြန်ရေလည်း အေးမြပါစေ

    အာဏာရူးတွေ လက်နက်ချလို.

    ငါတိုအားလုံး ပျော်ရပါစေ။

    -လွင်ပြင်
    Poetry Zone

    ReplyDelete
  3. ဖက်ဒရယ်နဲ့ ဆိုင်တဲ့ တိုင်းပြည်တစ်ခုလုံးအတွက် ပွဲတော်သစ် ဆင်နွှဲရမယ်
    လူမျိုးတစ်မျိုးကို ကိုယ်စားပြုတာ မဟုတ်ဘဲ
    ဘာသာရေးကို ကိုယ်စားပြုတာ မဟုတ်ဘဲ
    အတူနေမှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားတွေ အားလုံးနဲ့ တပြေးညီသက်ဆိုင်တဲ့ ပျော်ပွဲရွှင်ပွဲ အထိမ်းအမှတ် ပွဲတော် ဆင်နွှဲနိုင်ရမယ် ...

    ReplyDelete

Thank you for being with us All Clicker Love you,