ဆုတောင်းကဗျာ
မှောင်မိုက်မိုက်ညနက်ထဲ
လရောင်အလင်းကိုသာ
အားပြုလမ်းလျှောက်လာရင်း
ပုခုံးချင်းတိုက်မိလို့လှည့်ကြည့်လိုက်တော့
ဖုန်တွေတက်နေတဲ့အိပ်မက်နဲ့
အနာဂတ်တွေဖြစ်နေတယ်
ဗုဒ္ဓရဲ့နောက်ဆုံးခံတပ်လို့
ခေါ်ဝေါ်ကြတဲ့ ဒီနိုင်ငံမှာ
အဓမ္မဟာအမြဲတမ်းကြီးထွားလာတတ်တယ်
ဒါတို့ပြည် ဒါတို့မြေလို့ခေါ်တဲ့နိုင်ငံကလည်း
မုန်းချင်စရာကောင်းလိုက်တာ
သက်တမ်းတစ်ဝက်လောက်က
သံတိုင်တွေကြားထဲ
အရစ်ပြုံးသွားတဲ့ လူတစ်ချို့တွေရယ်
အခုချိန်ထိအိမ်ကအိပ်ရာခင်းမှာ
ကျောကောင်းကောင်းမခင်းရသေးတဲ့
အိမ်ကိုစွန့်ခွာနေရဆဲ ဒုက္ခသည်တွေရယ်
ခံယူချက် ယုံကြည်ချက် မျှော်လင့်ချက်တွေနဲ့
တောထဲတောင်ထဲရောက်နေတဲ့
လူငယ်တစ်ချို့တွေရယ်
တရားဓမ္မတွေထွန်းကားတာလည်း ဒီနိုင်ငံ
ဒိဠိတွေမျိုးပွားလာတတ်တာလည်းဒီနိုင်ငံ
အာဇာနည်သူရဲကောင်းတွေများတာလည်း
ဒီနိုင်ငံ
တစ်ကိုယ်ကောင်းသမားတွေများတာလည်း
ဒီနိုင်ငံ
ဒီရေ ဒီမြေပေါ်မှာ ဒီမိစ္ဆာတွေကို
တိုက်ထုတ်ရတာ
ဒီတစ်ကြိမ်နောက်ဆုံးဖြစ်ပါစေ
ပန်းရနံ့တွေနဲ့အမြဲမွှေးကြိုင်ပါစေ
တရားမျှတလွတ်လပ်ခြင်းနဲ့မသွေဆိုတဲ့
စကားနဲ့အညီ တရားခြင်းတွေနဲ့အတူ
ငြိမ်းချမ်းလာပါတော့
ချစ်သောမြန်မာပြည်.....
# Zay Phyoe Aung
🙏🙏🙏
ReplyDeleteDone
ReplyDeleteနှိပ်ပြီးပါဗြီ ...
ReplyDeleteဆုတောင်းကဗျာ
ReplyDeleteဒီမြေဟာ တရားမျှတ လွတ်လပ်ခြင်းနဲ့ မသွေ
ReplyDeleteငါတို့ အားလုံးရဲ့မြေ 🎵🎵
🍀🍀🍀🍀🍀
ReplyDeleteမြန်မာပြည်ကြီးအမြန်အေးချမ်းပါစေ🙏🏻🙏🏻🙏🏻
ReplyDeleteFighting together 💪
ReplyDeletenever give up
ReplyDeletewe must change