Wednesday, January 26, 2022

ဆုတောင်းကဗျာ

       ဆုတောင်းကဗျာ

မှောင်မိုက်မိုက်ညနက်ထဲ

လရောင်အလင်းကိုသာ

အားပြုလမ်းလျှောက်လာရင်း

ပုခုံးချင်းတိုက်မိလို့လှည့်ကြည့်လိုက်တော့

ဖုန်တွေတက်နေတဲ့အိပ်မက်နဲ့

အနာဂတ်တွေဖြစ်နေတယ် 

ဗုဒ္ဓရဲ့နောက်ဆုံးခံတပ်လို့

ခေါ်ဝေါ်ကြတဲ့ ဒီနိုင်ငံမှာ

အဓမ္မဟာအမြဲတမ်းကြီးထွားလာတတ်တယ်

ဒါတို့ပြည် ဒါတို့မြေလို့ခေါ်တဲ့နိုင်ငံကလည်း

မုန်းချင်စရာကောင်းလိုက်တာ

သက်တမ်းတစ်ဝက်လောက်က 

သံတိုင်တွေကြားထဲ

အရစ်ပြုံးသွားတဲ့ လူတစ်ချို့တွေရယ်

အခုချိန်ထိအိမ်ကအိပ်ရာခင်းမှာ

ကျောကောင်းကောင်းမခင်းရသေးတဲ့

အိမ်ကိုစွန့်ခွာနေရဆဲ ဒုက္ခသည်တွေရယ်

ခံယူချက် ယုံကြည်ချက် မျှော်လင့်ချက်တွေနဲ့

တောထဲတောင်ထဲရောက်နေတဲ့ 

လူငယ်တစ်ချို့တွေရယ်

တရားဓမ္မတွေထွန်းကားတာလည်း ဒီနိုင်ငံ

ဒိဠိတွေမျိုးပွားလာတတ်တာလည်းဒီနိုင်ငံ

အာဇာနည်သူရဲကောင်းတွေများတာလည်း

ဒီနိုင်ငံ

တစ်ကိုယ်ကောင်းသမားတွေများတာလည်း

ဒီနိုင်ငံ

ဒီရေ ဒီမြေပေါ်မှာ ဒီမိစ္ဆာတွေကို 

တိုက်ထုတ်ရတာ

ဒီတစ်ကြိမ်နောက်ဆုံးဖြစ်ပါစေ

ပန်းရနံ့တွေနဲ့အမြဲမွှေးကြိုင်ပါစေ

တရားမျှတလွတ်လပ်ခြင်းနဲ့မသွေဆိုတဲ့

စကားနဲ့အညီ တရားခြင်းတွေနဲ့အတူ

ငြိမ်းချမ်းလာပါတော့

ချစ်သောမြန်မာပြည်.....

 # Zay Phyoe Aung

9 comments:

  1. နှိပ်ပြီးပါဗြီ ...

    ReplyDelete
  2. ဆုတောင်းကဗျာ

    ReplyDelete
  3. ဒီမြေဟာ တရားမျှတ လွတ်လပ်ခြင်းနဲ့ မသွေ
    ငါတို့ အားလုံးရဲ့မြေ 🎵🎵

    ReplyDelete
  4. မြန်မာပြည်ကြီးအမြန်အေးချမ်းပါစေ🙏🏻🙏🏻🙏🏻

    ReplyDelete

Thank you for being with us All Clicker Love you,