Friday, April 15, 2022

လူရွှင်တော်

 လူရွှင်တော်


ကန့်လန့်ကာဖွင့်တာနဲ့  

ဇာတ်စင်အောက်ကပရိတ်သတ်တို့ရဲ့

အပူမီးအပေါင်းကိုငြှိမ်းဖို့

ကိုယ်တိုင်မပျော်ရွှင်လည်း

ဝမ်းပန်းတသာနဲ့ခွန်းတောက်စ

ပြက်လုံးပြက်ရတယ်

ဇာတ်စင်ပေါ်မှာဟာသမြောက်နေပေမယ့်

ကန့်လန့်ကာနောက် ဇာတ်စင်အောက်မှာတော့

မျက်ရည်တွေတစ်ပေါက်ပြီးတစ်ပေါက်

ဝမ်းနည်းမျက်နှာ  ဆေးခြယ်ကာသလို့

​မျက်ရည်ကို  ဟာသနဲ့သုတ်ကာချ

ငါဟဲ့အာဂလို့  မာန်ကိုတင်းကာထားရင်း

ဟော....ကန့်လန်ကာပိတ်သွားပြီ

အရာအားလုံးလည်း  အမှောင်ကျကာသွားလို့

ဟာသမျက်နှာဖုံးခွာကာအချ

ဘဝဟာလည်း လွန်ခဲ့တဲ့

တစ်တစ်စက္ကန့်ကပါလိုပဲလား

ဇာတ်ဆရာရေ....

ပြုံးရွှင်လည်းငိုတတ်ပါတယ်ဗျ.....


                                       ThaeNu

9 comments:

  1. တနေ့ နိုင်ရမယ်။

    ReplyDelete
  2. Keep struggling strugglers
    We fighting till the very end

    ReplyDelete
  3. ကိုယ်ရှင်သန်နေမှုထဲ ကျရောက်လာတဲ့ နိုင်ငံ့ဝန်ကို မလွှဲရှောင်ပဲ စွမ်းသမျှ ဝင်ကူထမ်းခြင်းဟာ ကိုယ့်သမိုင်းမရိုင်းစေဖို့နဲ့ ကိုယ့်မျိုးဆက်အတွက် ဂုဏ်သိက္ခာအမွေ ပေးခဲ့တာပါ။

    ReplyDelete

Thank you for being with us All Clicker Love you,