လူရွှင်တော်
ကန့်လန့်ကာဖွင့်တာနဲ့
ဇာတ်စင်အောက်ကပရိတ်သတ်တို့ရဲ့
အပူမီးအပေါင်းကိုငြှိမ်းဖို့
ကိုယ်တိုင်မပျော်ရွှင်လည်း
ဝမ်းပန်းတသာနဲ့ခွန်းတောက်စ
ပြက်လုံးပြက်ရတယ်
ဇာတ်စင်ပေါ်မှာဟာသမြောက်နေပေမယ့်
ကန့်လန့်ကာနောက် ဇာတ်စင်အောက်မှာတော့
မျက်ရည်တွေတစ်ပေါက်ပြီးတစ်ပေါက်
ဝမ်းနည်းမျက်နှာ ဆေးခြယ်ကာသလို့
မျက်ရည်ကို ဟာသနဲ့သုတ်ကာချ
ငါဟဲ့အာဂလို့ မာန်ကိုတင်းကာထားရင်း
ဟော....ကန့်လန်ကာပိတ်သွားပြီ
အရာအားလုံးလည်း အမှောင်ကျကာသွားလို့
ဟာသမျက်နှာဖုံးခွာကာအချ
ဘဝဟာလည်း လွန်ခဲ့တဲ့
တစ်တစ်စက္ကန့်ကပါလိုပဲလား
ဇာတ်ဆရာရေ....
ပြုံးရွှင်လည်းငိုတတ်ပါတယ်ဗျ.....
ThaeNu
Click with love 💕
ReplyDelete🍀🍀🍀🍀🍀
done
ReplyDeleteတနေ့ နိုင်ရမယ်။
ReplyDeleteFighting together 💪
ReplyDeleteDone
ReplyDeleteTill the end
ReplyDeleteFighting together 💪
Keep struggling strugglers
ReplyDeleteWe fighting till the very end
Keep Clicking..
ReplyDeleteကိုယ်ရှင်သန်နေမှုထဲ ကျရောက်လာတဲ့ နိုင်ငံ့ဝန်ကို မလွှဲရှောင်ပဲ စွမ်းသမျှ ဝင်ကူထမ်းခြင်းဟာ ကိုယ့်သမိုင်းမရိုင်းစေဖို့နဲ့ ကိုယ့်မျိုးဆက်အတွက် ဂုဏ်သိက္ခာအမွေ ပေးခဲ့တာပါ။
ReplyDelete